အမေရိကန်နည်းပညာဖြင့် ကြယ်ငါးပွင့်အဆင့်မီ Sheraton Hotel Yangon တည်ဆောက်ရေး စီမံကိန်းသည် ယခုချိန်တွင် တည်ဆောက်မှု ၈ဝရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ထိုစီမံကိန်းသည် အမေရိကန်အခြေစိုက် Star Wood Hotels and Resorts ကုမ္ပဏီ၏ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု Sheraton Brand အဖြစ် မြန်မာနိုင်ငံ Family Business Hotel နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် ပထမဆုံး အကျိုး တူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းသည် ဦးထွန်းမြတ်လမ်း၊ရန်ကုန်မြို့တွင် တည်ရှိပြီး မြေ ၁ဒသမ ၂၃ ဧကပေါ်တွင် အမေရိကန်ဒေါ်လာ ၆၅ သန်း အကုန်အကျခံ ဆောက် လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ဟိုတယ်တစ်ခုလုံး၏ floor ဧရိယာမှာ ၃၉၆၉၇၈ စတုရန်းပေရှိပြီး အဆောက် အအုံမှာ အလျား ၂၁၇ ပေနှင့် အနံ ၂၆၆ ပေ ရှိကြောင်း သိရသည်။
အခန်းပေါင်း ၃၄၇ ခန်း ပါဝင်မည်ဖြစ်ပြီး Basement နှစ်ထပ်ကားပါကင် ပါ ဝင်မည်ဖြစ်ကြောင်း သိရသည်။
ဟိုတယ်အဆောက်အအုံမှာ နိုင်ငံတကာစံချိန်မီ ၁၆ထပ်ခွဲ အဆောက်အ အုံဖြစ်ပြီး အဆင့်မီ ဓာတ်လှေကား ၁၂စင်း နှင့် စက်လှေကားသုံးစင်း ပါဝင် မည်ဖြစ်ကြောင်း၊ပထမထပ်ရှိ Ball Room တွင် လူဦးရေ ၇ဝဝဆံ့သည့် အ ခန်းထည့်သွင်း ဆောက်လုပ်မည်ဖြစ်ပြီး ဟိုတယ် အဝင်ဝတွင် အဆင့်မြင့် စားသောက်ဆိုင် သုံးဆိုင်ပါဝင်မည်ဖြစ်ပြီးအပေါ်ထပ် ၁၂ထပ်လွှာ(Rooftop) တွင်လည်း စားသောက်ဆိုင် သုံးဆိုင်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ဟိုတယ်အဆောက်အအုံ ဒုတိယထပ်တွင် ရေကူးကန်၊ အားကစားလေ့ ကျင့်ခန်း၊နိုင်ငံတကာအဆင့်မီ Spa များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Credit:Myawaddy Newspaper