ပုဂ္ဂလိကအာမခံကုမ္ပဏီများ အာမခံအမျိုးအစားလေးမျိုး ထပ်မံလုပ်ကိုင်ခွင့်ရ

ပုဂ္ဂလိကအာမခံကုမ္ပဏီများ အာမခံအမျိုးအစားလေးမျိုး ထပ်မံလုပ်ကိုင်ခွင့်ရ - Property News in Myanmar from iMyanmarHouse.com
12 Sep 2017 10:10 am တွင် တင်ခဲ့သည်
658 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းရှိ ပုဂ္ဂလိကအာမခံကုမ္ပဏီများအနေဖြင့် အာမခံအမျိုးအစားလေးမျိုးကို ပြီးခဲ့သည့် ဇူလိုင်လမှ စတင်၍ ထပ်မံလုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း ပုဂ္ဂလိက အာမခံကုမ္ပဏီများထံမှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ပုဂ္ဂလိကအာမခံကုမ္ပဏီ ၁၁ ခုရှိပြီး အာမခံအမျိုးအစား ကိုးမျိုးကို လုပ်ကိုင်ခွင့် ပြုထားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ကာ အာမခံအမျိုးအစား လေးမျိုးဖြစ်သည့် ခရီးသွားအာမခံ၊ ရေယာဉ်ကိုယ်ထည်အာမခံ၊ တောင်သူလယ်သမား အသက်အာမခံ၊ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ စသည်တို့ကို ပုဂ္ဂလိက ကုမ္ပဏီများမှ စတင်ဝန်ဆောင်မှု ပေးလျက် ရှိကြောင်း ပုဂ္ဂလိကအာမခံကုမ္ပဏီများထံမှ သိရသည်။

''ပုဂ္ဂလိကအာမခံကုမ္ပဏီတွေအနေနဲ့ မြန်မာ့အာမခံ မှာ အာမခံအမျိုးအစားပေါင်း ၄၆ မျိုးကျော်ရှိပြီး စစချင်း ခြောက်မျိုး ချပေးခဲ့ပါတယ်။ နောက်တော့ ၁၁ မျိုးအထိ လုပ်ကိုင်ခွင့်ရခဲ့ပြီး သိပ်မကြာခင်မှာပဲ အာမခံအမျိုး အစား စုစုပေါင်း ၂ဝ လောက်ကို ပုဂ္ဂလိကကို လုပ်ကိုင် ဖို့အတွက် ခွင့်ပြုပေးမယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာ့ အာမခံမှာ မရှိသေးတဲ့ အာမခံအမျိုးအစားသစ်တွေကိုလည်း တင်ပြလာတဲ့အပေါ်မှာ စိစစ်ခွင့်ပြုဖို့ ရှိတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ သီးနှံအာမခံကို Pilot Project အနေနဲ့ လုပ်ကိုင်ဖို့အတွက် ပြင်ဆင်မှုအနေအထားတွေ ရှိပါတယ်''ဟုGlobal World Insuranceကုမ္ပဏီမှ ဒါရိုက်တာ ဦးစိုးဝင်းသန့်က ရှင်းပြသည်။

ပုဂ္ဂလိကအာမခံကုမ္ပဏီနှင့် အာမခံကိုယ်စားလှယ် များတွေ့ဆုံပွဲကို စက်တင်ဘာ ၈ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင်Global World Insurance ကုမ္ပဏီမှ ဒါရိုက်တာ ဦးစိုးဝင်းသန့်က ကိုယ်စားလှယ်များအား ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ် သည်။ အဆိုပါအခမ်းအနားတွင် အာမခံဝန်ထမ်းဟောင်း များအသင်းသို့ အလှူငွေကျပ်ခြောက်သိန်းကိုGlobal World Insurance ကုမ္ပဏီက ပေးအပ်လှူဒါန်းခဲ့သည်။

''အာမခံဈေးကွက်မှာ အာမခံကိုယ်စားလှယ်တွေ အပြင် အာမခံပွဲစားတွေ ပေါ်ပေါက်လာပါလိမ့်မယ်။ အာမခံပွဲစားကတော့ မြန်မာပြည်မှာ မရှိသေးပါဘူး။ အာမခံဥပဒေရေးဆွဲစဉ်ကတည်းက အာမခံပွဲစားတွေကို လည်း လိုင်စင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆွဲထားပါ တယ်။ ဒါပေမယ့် တစ်နေ့တော့ ရောက်လာမှာပါ။ တခြားနိုင်ငံတွေမှာ ရှိပြီးသားပါ။ သိပ်မဝေးလှတဲ့ အနာ ဂတ်မှာပေါ့။ ၂ဝ၁၉ လောက်မှာ အာမခံပွဲစားဆိုတာ ထပ် ပေါ်လာဖို့ရှိပါတယ်။ အာမခံကိုယ်စားလှယ်ဆိုတာ အာမခံ ကုမ္ပဏီရဲ့ အေးဂျင့်တွေပါ။ အာမခံပွဲစားဆိုတာက အာမခံ ထားသူတွေရဲ့ အေးဂျင့်တွေပေါ့။ အဲလို ကွာသွားပါတယ်။ အာမခံထားသူတွေရဲ့ အေးဂျင့်တွေ ပေါ်ပေါက်လာရင် တော့ အာမခံထားသူတွေက ပိုအကျိုးရှိတယ်။ အာမခံ ထားချင်တယ်ဆိုရင် ဘယ်ကုမ္ပဏီမှာ ထားလို့သင့်တော်လဲ ဆိုတာကို အာမခံပွဲစားတွေက လိုက်ကြည့်ပေးနေမှာပေါ့''ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း)ဒေါက်တာမောင်မောင်သိမ်းက အဆိုပါအခမ်းအနား တွင် အာမခံဈေးကွက်နှင့် အလားအလာအပေါ် သုံးသပ် ပြောကြားခဲ့သည်။

ပုဂ္ဂလိက အာမခံကုမ္ပဏီများအနေဖြင့် အဓိက အများဆုံးဆောင်ရွက်ပေးနေရသည့် အာမခံဝန်ဆောင်မှု မှာ အလုံးစုံမော်တော်ယာဉ် အာမခံအမျိုးအစားနှင့် မီးအာမခံတို့ဖြစ်ကြောင်း သိရသည်။

အလားတူ လျော် ကြေးပေးအပ်ရမှု အများဆုံးမှာလည်း မော်တော်ယာဉ် အလုံးစုံ အာမခံမှဖြစ်ပြီး ယခုကဲ့သို့ အာမခံအမျိုးအစားများ ထပ်မံဝန်ဆောင်မှု ပေးလာနိုင်သည့်အတွက် အာမခံဈေး ကွက် ပိုမိုကျယ်ပြန့်လာနိုင်ပြီး ပြည်သူများကြား တွင်လည်း အာမခံဗဟုသုတနှင့် အသိအမြင်ဆိုင်ရာ အသိ ပညာပေးမှုများ ပိုမိုဆောင်ရွက်ရန် လိုအပ်ကြောင်း အာမခံပညာရှင်များက သုံးသပ်သည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

Shwe Moe Kaung
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service