ချင်းပြည်နယ် မင်းတပ်မြို့ စကောလန်ရပ်ကွက်တွင် စည်ပင်သာယာဈေးရှိရာ မြို့ အဆင့်အတန်းနှင့် လိုက်လျောညီထွေဖြစ်စေရန် အဆင့်မြင့် ဈေးသစ်ကြီးအဖြစ် ၂၀၁၈ ခုနှစ်အတွင်း အပြီး တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
တီးတိန်မြို့မှာ ချင်းမြည်နယ်မြောက်ပိုင်းတွင် တွန်းဇံ ကျီခါးမြို့များနှင့် ရိဒ်ခေါဒါရ်မြို့များသို့ သွားသည့် လမ်းဆုံမြို့ဖြစ်သည်။ ယခင်က ဈေးလုံးဝမရှိသော်လည်း လက်ရှိ စည်ပင်သာယာဈေးကို စကောလန်ရပ်ကွက်တွင်၂၀၁၁ ခုနှစ်က တည်ဆောက်ခဲ့သည်။ ဈေးပုံစံထက် ဂိုဒေါင်ပုံစံ အဆောက်အဦး ဖြစ်လျက်ရှိရာလက်ရှိဈေး၌ ဈေးရုံ အဆောက်အဦ အပြင်ဘက်တန်းမှာ ဝက်သားကြော်သားနှင့် ငါးအရောင်းဆိုင်များရှိပြီး ရုံအတွင်းမှာ ဟင်းသီးဟင်းရွက်အပါအဝင် ကုန်စိမ်းနှင့် ကုန်ခြောက်အရောင်းဆိုင်များ ခင်းကျင်းရောင်းချသည်။ ဈေးရုံအတွင်းမှာပင် ချင်းရိုးရာအထည်ဆိုင်နှင့် အလှကုန်ဆိုင် ကုန်မျိုးစုံ အရောင်းဆိုင်တစ်ဆိုင်စီပါရှိသည်။ လက်ရှိဈေးတည်ဆောက် ခင်းကျင်းမှုအရ ဝင်ပေါက်ထွက်ပေါက် တစ်ပေါက်တည်းသာ ရှိသဖြင့် ဆိုင်အခင်းအကျင်း သေသပ်မှုမရှိသည့်အပြင် ကျဉ်းမြောင်းသည့် ဈေးတစ်ဈေးဖြစ်နေသဖြင့် အဆင့်မြင့်ဈေးသစ်အဖြစ် တိုးမြှင့်ဆောက်လုပ်ရန် စီစဉ်ခြင်းဖြစ်သည်။
"ဝက်သား ကြက်သား ငါးက တစ်ပိသာ ၈၀၀၀ကျပ်။ ငါးက ကလေးမြို့ က လာတာ။ သားငါးဆိုင်တွေရော ရုံထဲက ဆိုင်တွေပါ။ တစ်နေကုန်ရောင်းချတာပါ။ သားငါးက စကောလန် စည်ပင်သာယာဈေးမှာပဲ ရာင်းချတာရှိတော့ မြို့အနေအထားနဲ့ အရောင်းအဝယ်အဆင်ပြေပါတယ်။ ဟင်းသီးဟင်းရွက်ကျတော့ တောင်ပေါ် ရွာတွေက ပလိုင်းနဲ့ လာရောင်းတဲ့သူတွေက မြို့တွင်း လှည့်လည်ရောင်းချနေကြတာမို့ သိပ်မရောင်းကြရဘူး။ ဈေးကြီးတစ်ဈေးပီပီ ပြင်ပြင် ရှိလာရင် ကုန်စိမ်းကုန်ခြောက် ရောင်းသူတွေ ပိုများလာမယ်။ ပလိုင်းဈေးသည်လည်း ပျောက်သင့်သလောက် ပျောက်သွာပါလိမ့်မယ်"ဟု တီးတိန်စည်ပင်သာယာဈေးကြက်သား အရောင်းဆိုင်မှ ချင်းအမျိုးသမီး တစ်ဦးကပြောသည်။
အစိုးရသစ်လက်ထက်တွင် ဖွံ့ဖြိုးမှုနှေးကွေးသည့် ချင်ပြည်နယ်အား ဦးစားပေးစနစ်ဖြင့် လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်မီးရရှိရေး ပညာရေးနှင့် ကျန်းမာရေးစသော အခြေခံအဆောက်အအုံများ ဘက်စုံတိုးတက်စေရန် ဦးစားပေးဆောင်ရွက်လျှက်ရှိရာ ပြည်နယ်အတွင်းရှိ ဖလမ်း တီးတိန်နှင့် ပလက်ဝမြို့ များမှဈေးများကို ၂၀၁၈ ခုနှစ်အတွင်း အပြီး အဆင့်မြင့်တင် တည်ဆောက်မည်ဖြစ်သည်။ အဆိုပါဈေးများထဲတွင် တီးတိန်မြို့ မှာ တည်ဆောက်မည့် အဆင့်မြင့်ဈေးသစ်ကြီးကို နိုင်ငံတော်သမ္မတ၏ အထူးသီးသန့် ရန်ပုံငွေဖြင့် တည်ဒါခေါ်ယူ၍ တင်ဒါစည်းကမ်းနှင့်အညီ အောင်မြင်သည့် ကုမ္ပဏီမှ ၂၀၁၈ခုနှစ် အတွင်း အပြီး တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
Credit: The Yangon Times