ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၇ ခုနှစ်လယ်ပိုင်းမတိုင်ခင်ကတည်းက ကျူးေ ကျာ်စာရင်းတွေ ကောက်ခံခဲ့ပြီး အခုချိန်မှာတော့ စာရင်းမှာပါတဲ့ မိသားစုေ တွဟာ အမှန်တကယ်ကျူးကျော်သူနေထိုင်သူဟုတ်မဟုတ်ကို မကြာခင်မှာ
နေရာတွေအထိသွားပြီး စစ်ဆေးတော့မှာပါ။
ကျူးကျော် စားရင်းကောက်ခံရေးသုတေသနအဖွဲ့က မမူမူမာက"စာရင်းတွေ က ကောက်လိုက်တယ်၊ ဒါပေမယ့် တချိုကနေရာတွေမှာ စာရင်းထက်များနေ တာတွေ၊ ကျူးကျော်မဟုတ်ဘဲနဲ့ စလစ်လာထုတ်တာတွေ ရှိခဲ့တယ်" လို့ ပြော ပါတယ်။ အခုအချိန်မှာ ကျူးကျော်နေထိုင်တဲ့ နေရာကတွေကို သွားဖို့ သင် တန်းပေးနေတယ်လို့ သိရပါတယ်။
ကျူးကျော်စာရင်းတွေကို အားလုံးကောက်ခံပြီး ဖြစ်သလို ကွန်ပျူတာတွေထဲ လည်း ထည့်ပြီးသွားပြီလို့ သိရပါတယ်။
ကျူးကျော်စာရင်းကောက်ခံနေချိန်အတွင်း ကျူးစလစ်လာရောက် မထုတ်ယူ တာတွေလည်း ရှိပါတယ်။ စာရင်းကောက်ခံနေချိန်မှာ ကျူးကော်မဟုတ်ဘဲနဲ့ စလစ်ယူတဲ့သူတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး စာရင်းထပ် မံပြုစုထားတယ်လို့ သိရပါတယ်။
အမှန်တကယ် ကျူးကျော်တဲ့ နေရာနဲ့ မိသားစုတွေကို နေအိမ်တွေအထိ သွား ပြီး စာရင်းတိုက်ကြည့်မှာဖြစ်တယ်။ မဟုတ်ဘဲ စာရင်းသွင်းသူတွေကို ပြန် လည် ပယ်ဖျက်မယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းရဲ့ ခရိုင်လေးခုမှာ ကျူးကျော်နေထိုင်သူ လေးသိန်းခွဲဝန်းကျင်
ခန့်မှန်းထားပေမယ့် စာရင်းပြုစုချိန်မှာ လူဦးရေ ငါးသိန်းကျော်တယ်လို့ သိရပါ တယ်။
အများဆုံးကတော့ အိုးအိမ်နဲ့စည်ပင်မြေအပါအဝင် ဌာနဆိုင်ရာ မြေတွေေ ပ်ါမှာ ကျူးကျော်နေထိုင်သူအများဆုံးလို့ သိရပါတယ်။
Credit: The Kumudra