သြစတေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်၊ ဘရစ္စဘိန်းမြို့ ၊ ပက်ဒင်တန်အရပ်၊ ဂစ်ဗင်းတာရေ့ စ်လမ်း အမှတ် ၃၂၇ အဆောက်အအုံသည် ၃ ထပ်ဖြစ်ပြီး အခန်းပေါင်း ၂၀ ပါဝင်သည်။
Sister of Mercy အမည်ရှိကွန်ဗင့်ကျောင်းအဆောက်အအုံဖြစ်ကာ ဘရစ္စဘိန်းတွင် ကော်ဖီဆိုင်များဖြင့် နာမည်ကျော်သည့် မြို့ လယ် အရပ်တွင် တည်ရှိသည်။
အဆောက်အအုံမှာ နှစ်ပေါင်း ၁၀၀ သက်တမ်းရှိပြီဖြစ်ပြီး ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ဖြစ်သည့်အပြင် ဘရစ္စဘိန်း၏ ပြယုဂ်တစ်ခုလည်းဖြစ်ရာ ဖြိုဖျက်ကာအသစ်ဆောက်လုပ်ခွင့်မရှိကြောင်း Savills ၏ ဘရစ္စဘိန်းမြို့ ညွှန်ကြားရေးမှူး ရောဘတ် ဒန်နီက ပြောကြားသည်။
“ငွေရှိတဲ့သူကတော့ ခေတ်မီအဆောက်အအုံပဲ ပြန်ဆောက်ချင်မှာပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်ကအတိုင်း ဆက်ထားဖို့ထားဆို ဘယ်လိုဖြစ်နိုင်မလဲ” ဟု မစ္စတာ ရောဘတ်ဒန်နီက ဆက်လက်ပြောကြားသည်။
အဆောက်အအုံအကျယ်အဝန်းမှာ စတုရန်းမီတာ ၁၀၀၀ ကျော်အထိ ကျယ်ဝန်းပြီး ခြံဝန်းမှာ စတုရန်းမီတာ ၂၆၅၄ ခန့် ရှိသည်။
မြေအောက်ထပ်တွင် မီးဖိုဆောင်၊ အဝတ်လျှော်ခန်းနှင့် အိပ်ခန်းတို့ ပါဝင်သည်။
မြေညီထပ်တွင် ရုံးခန်းများ၊ အစည်းအဝေးခန်းမတစ်ခုနှင့် ဘုရားဝတ်ပြုဆောင်တို့ ပါဝင်သည်။
ပထမထပ်တွင်မူ အိပ်ခန်း ၁၂ ခန်းနှင့် ရေချိုးခန်းများ၊ ဝရန်တာများ တွေ့ရသည်။
“လက်ရှိပိုင်ရှင်ရဲ့ သမီးဖြစ်သူက ဒီအဆောက်အအုံမှာ နေထိုင်နေဆဲဖြစ်ပါတယ်” ဟု မစ္စတာ ရောဘတ်က ဆိုသည်။
ဤအဆောက်အအုံမျိုးသည် တစ်သက်တွင် တစ်ခါသာတွေ့ရခဲသည့် အရောင်းတင်မှုမျိုးဖြစ်ပြီး ဝယ်ယူခွင့်ရမည့် ဝယ်လက်မှာ အလွန်ကံကောင်းသူသာဖြစ်ကြောင်းလည်း မစ္စတာရောဘတ်က ဆက်လက်ပြောကြားသည်။
အဆိုပါ အဆောက်အအုံကြီးသည် ဘရစ္စဘိန်းမြို့ရှိ အလှပဆုံးကွန်ဗင့်ကျောင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်ဟုလည်း ဆိုသည်။
“ ဒီအဆောက်အအုံကို နေအိမ်အဖြစ် အသုံးပြုဖို့ စိတ်ဝင်စားတဲ့သူ အများဆုံးပါပဲ။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းသုံးအဖြစ်သုံးဖို့ စိတ်ဝင်စားသူတွေလည်းရှိပြီး ဟိုတယ်၊ နေ့ထိန်းကလေးကျောင်းနဲ့ အခြားပုံစံစိတ်ဝင်စားမှုတွေလည်း ရှိပါတယ်” ဟု မစ္စတာ ရောဘတ်က ဆိုသည်။
ဝယ်ယူရန် ကမ်းလှမ်းရမည့် နောက်ဆုံးရက်မှာ လာမည့်အောက်တိုဘာလ ၅ ရက်၊ ညနေ ၄ နာရီဖြစ်ကြောင်း ဘရစ္စဘိန်းရှိ Savills ရုံးခွဲက ကြေညာထားသည်။
ရောင်းချမည့်ဈေးနှုန်းကို မသိရသော်လည်း နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သည်မှာ ၂၀၀၅ ခုနှစ်၊ အောက်တိုဘာလအတွင်းကဖြစ်ပြီး ပုဂ္ဂလိက ဝယ်လက်တစ်ဦးထံ ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)