ရှယ်ယာဈေးများဆက်တိုက် ကျဆင်းလာခြင်းကြောင့် ရန်ကုန်စတော့အိတ် ချိန်းစာရင်း ၀င်ကုမ္ပဏီအဖြစ်မှ နုတ်ထွက်ရန် ပထမပုဂ္ဂလိကဘဏ် ဒါရိုက် တာ အဖွဲ့က စဉ်းစားနေကြောင်း ယင်း ဘဏ်အမှုဆောင်အရာရှိချုပ် ဦး မြင့်ဇော်က ပြောသည်။
‘‘ဆုံးဖြတ်ချက်မချရသေးပါ ဘူး။ ရှယ်ယာရှင်တွေ ဆန္ဒကို တောင်းထားပါ တယ်’’ ဟု ဦးမြင့် ဇော်က ပြောသည်။
ရှယ်ယာရှင်များ၏ အကျိုး စီးပွားကို ကာကွယ်ရန် လိုအပ်ပါ က စာရင်းဝင် ကုမ္ပဏီအဖြစ်မှ နုတ်ထွက်ရေး (Delisting) အ တွက် လုပ်ကိုင်ခွင့်ကို ဒါရိုက် တာ အဖွဲ့အား ပေးအပ်ရန် ပထမပုဂ္ဂလိကဘဏ်၏ (၂၇)ကြိမ်မြောက် နှစ် ပတ်လည်အထွေထွေအစည်း အဝေးတွင် သဘောတူညီခဲ့သည် ဟု ရန်ကုန် စတော့အိတ်ချိန်းက ထုတ်ပြန်ထားသည်။
လက်ရှိရန်ကုန်စတော့အိတ် ချိန်းတွင် အများပိုင်ကုမ္ပဏီလေးခု သည် စာရင်း ၀င်ကုမ္ပဏီအဖြစ် ရှယ်ယာများ ရောင်းချနေသည်။ ယင်း အနက် ပထမပုဂ္ဂ လိကဘဏ် သည် လေးခုမြောက်ဝင်ရောက် ထားသည့် ဘဏ်လုပ်ငန်း ကုမ္ပ ဏီ ဖြစ်သည်။
အဆိုပါ ဘဏ်လုပ်ငန်း ကုမ္ပဏီ၏ စာရင်းဝင်ကုမ္ပဏီအ ဖြစ်မှ နုတ်ထွက်ရန် စဉ်းစားခြင်း နှင့်ပတ်သက်ပြီး ရန်ကုန်စတော့ အိတ်ချိန်း၏ အကြီးတန်းအုပ် ချုပ်မှု မန်နေဂျာ ဦးသက်ထွန်းဦးက ကုမ္ပဏီတစ်ခုသည် စာရင်းဝင်ခွင့် ရှိသ လို နုတ်ထွက်ခွင့်လည်းရှိ ကြောင်း ပြောသည်။
‘‘Delist (စာရင်းဝင်ကုမ္ပဏီ အဖြစ်မှ နုတ်ထွက်ခြင်း) မ ကောင်းပါဘူး။ ကုမ္ပဏီအတွက် ရော၊ စတော့အိတ်ချိန်းအတွက် ရော၊ သူတို့ရှယ်ယာရှင်ရော၊ ဒါက ဂယက်ကြီးပါတယ်။ ဒါပေ မဲ့ သူတို့ဘက်ကလည်း စဉ်းစားတဲ့အဆင့်ပဲ ရှိပါသေးတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။
စတော့အိတ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီအဖြစ် နုတ်ထွက်ခြင်း နှင့်ပတ်သက်ပြီး စတော့အိတ်ချိန်း က ထုတ်ပယ်ခြင်းနှင့် ကုမ္ပဏီက ကိုယ်တိုင်တင်ပြ၍ နုတ် ထွက်ခြင်း ဟူ၍ နှစ်မျိုးရှိသည်။ ကုမ္ပဏီ ဘက်က နုတ်ထွက်ရန်တင်ပြလာ ပါက အကျိုးအကြောင်း ခိုင်မာရန် လိုအပ်ပြီး ရန်ကုန်စတော့အိတ်ချိန်းက လည်း ငြင်းပယ်ခွင့်ရှိ ကြောင်း ဦးသက်ထွန်းဦးက ပြော သည်။
စာရင်းဝင်အဖြစ်မှ နုတ် ထွက်ခြင်းတွင် ရန်ကုန်စတော့ အိတ်ချိန်း၌ သတ် မှတ်ထားသော စည်းမျဉ်း စည်းကမ်းများ ရှိ ကြောင်း၊ သို့သော် ရန်ကုန်စတော့ အိတ်ချိန်း၏ စည်းမျဉ်းစည်းကမ်း များသည် အခြားနိုင်ငံများကဲ့သို့ မပြင်းထန်ေ ကြာင်း ဦးသက်ထွန်း ဦးက ပြောသည်။
ပထမပုဂ္ဂလိကဘဏ်ကုမ္ပဏီ ရှယ်ယာရှင်အချို့ကမူ ရန်ကုန် စတော့အိတ် ချိန်းမှ နုတ်ထွက် ခြင်းသည် မဖြစ်နိုင်သေးကြောင်း ပြောသည်။ ‘‘ဒါဥက္ကဋ္ဌက ဖိန့်လုံး လို့မြင်တယ်။ မဖြစ်နိုင်ဘူး’’ ဟု အဆိုပါကုမ္ပဏီ၏ ရှယ်ယာရှင် တစ်ဦး က ပြောသည်။
ပထမပုဂ္ဂလိကဘဏ်သည် ရန်ကုန် စတော့အိတ်ချိန်းသို့ ၂၀၁၇ ဇန်န၀ါရီ ၂၀ ရက်တွင်စတင်ဝင်ရောက်ခြင်းဖြစ်ပြီးစတင်ဝင်ရောက်ချိန်တွင် ရှယ်ယာတစ်စု လျှင် အခြေခံဈေးနှုန်း ကျပ် ၃၉,၀၀၀ သတ်မှတ်ခဲ့သည်။
ထိုနေ့တွင် ရှယ်ယာဈေးကျဆင်းပြီး ၃၄,၀၀၀ ကျပ်ဖြင့်အရောင်း အ၀ယ် ဖြစ်ခဲ့ သည်။ စက်တင်ဘာ ၈ ရက်တွင် ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာဈေးသည် ရှယ်ယာ တစ်စုလျှင် ၂၄,၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ကြောင်း သတင်းရရှိသည်။
Credit: 7DayDaily