မန္တလေးမှာမြို့မှာ ဧည့်သည်အရေအတွက်နဲက အခန်းအရေအ
တွက်မမျှလို့ ဟိုတယ်လုပ်ငန်းတွေ အခက်အခဲကြုံနေရပါတယ်။
မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း မန္တလေးဇုန်
ဥက္ကဠ ဦးမင်းနိုင်က ‘ အခုချိန်ဧည့်သည်အဝင်က တစ်နိုင်ငံလုံးမှာ နှစ်သန်းကျော်ဖြစ်နေတဲ့အတွက် မန္တလေးမှာတော့ ဟိုတယ်အလုံးရေးနဲ့ ဧည့်သည်ဝင်လာတဲ့ အနေအထားမှာ အခက်အခဲတော့နည်းနည်း နည်းနေလို့ ဟိုတယ်တေါက သူတို့အခက်အခဲကို တင်ပြထားပါတယ် ‘ လို့ ပြောပါတယ်။
၂၀၁၁-၂၀၁၂ ခုနှသ် အချိန်ခန့်က နိုင်ငံခြားခရီးသွားဧည့်သည်တွေ အလုံးအရင်း ဝင်ရောက်လာတဲ့ အချိန်မှာ မန္တလေးမှာ ဟိုတယ်လုပ်ငန်းကနည်းခဲ့ပါတယ် ။
ဟိုတယ်အလုံးပေါင်း ၅၀ လောက်ပဲရှိတဲ့ အချိန် နိုင်ငံခြားဧည့်သည်ဝင်ရောက်လာတဲ့အခါ အခက်အခဲများစွာ ကြုံခဲ့ရတယ်။ဧည့်သည်တွေအတွက်လည်း ဝန်ဆောင်မှုမပြည့်ဝတာ၊ ဈေးနှုန်းအရမ်းကြီးမြင့်တာတို့ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
‘ မန္တလေးဇုန် အနေနဲ့က ဟိုတယ်လုပ်ငန်းကို ဆက်တိုက်လုပ်လာတဲ့အတွက် အခုဆိုရင် အသင်းဝင်ပေါင် ၁၆၅ သင်းဝင်ထားပြီး ဟိုတယ်ခရီးလိုင်စင်ကတော့ ၁၉၅ လုံး ယူထားပြီး ဖြစ်ပါတယ် ‘ လို့ ဦးမင်းနိုင်က ပြောပါတယ်။
လက်ရှိ မန္တလေးဇုန်မှာ ဟိုတယ်ခရီးလိုင်စင်ရထားတဲ့ ဟိုတယ်အလုံးပေါင်း ၁၉၀ ကျော်၊ အခန်းပေါင်း ၇၀၀၀ ကျော်ရှိနေပြီလို့ သိရပါတယ်။
Credit: The Modern