မြန်မာ့စက်မှုဆိပ်ကမ်းမှ ကန့်ကွက်ထားသည့် ရန်ကုန်-ဒလတံတားစီမံကိန်းကိစ္စ ရန်ကုန်တိုင်းဒသကြီး လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီမှ သုံးသပ်ချက်ရေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စက်တင်ဘာလ ၇ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်းလုပ်ပိုင်ခွင့်ရရှိခဲ့သော ကုမ္ပဏီကြီး ၄ခုတို့ဘက်မှ တာဝန်ရှိသူ များက ယင်းကော်မတီတို့တွေဆုံဆွေးနွေးခဲ့ကြပြီး ရန်ကုန်-ဒလတံတားစီမံကိန်းကို မြန်မာ့စက်မှုဆိပ်ကမ်း(MIP)မှ အနာဂတ် ငွေကြေးဆိုင်ရာ နစ်နာမှုများအား အသေးစိတ်လာရောက်ရှင်းပြခဲ့ကြောင်းနှင့် တံတားတည်ဆောက်ပြီးစီးပါက နိုင်ငံခြားသင်္ဘောများ ၀င်ရောက်ရန်အခက်အခဲများ ကိုတင်ပြခဲ့ကြ ကြောင်းယင်းကော်မတီမှသိရသည်။
“ကော်မတီက သုံးသပ်ချက်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရကိုတင်ပြမှာပေါ့။ သူတို့လာပြောတဲ့ အချက်တွေနဲ့ ဒေသခံကိုယ်စားလှယ်များရဲ့ ပြည်သူ့အသံကို ညှိနှိုင်းပြီးတော့ အစီရင်ခံစာတင်မှာ” တိုင်း လွှတ်တော်ဘဏ္ဍာရေး၊
စီမံကိန်းနှင့် စီးပွါးရေးကော်မတီအတွင်းရေးမှူးဦးကျော်ဇေယျကပြောသည်။
မြန်မာ့စက်မှုဆိပ်ကမ်းလုပ်ပိုင်ခွင့်ရရှိခဲ့သော ကုမ္ပဏီကြီး ၄ခုတို့သည် ယခင်အစိုးရလက်ထက်က ၂၀၀၀၊၂၀၁၂ခုနှစ် ၀န်းကျင်ကတည်းက နှစ်၄၀၊နှစ်၅၀ နှစ်ရှည်စာချုပ်များဖြင့် လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်းသိရသည်။
ရန်ကုန်-ဒလတံတား တည်ဆောက်ရန်ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းဖြစ်ပြီး ကိုရီးယားသမ္မ တနိုင်ငံ၏ EDCF Loan ချေးငွေဖြင့် တည်ဆောက်မည်ဖြစ်သည်။ စီမံကိန်းကာလမှာ ၂ဝ၁၅-၂ဝ၁၆ မှ ၂ဝ၁၉-၂ဝ၂ဝ အထိ ငါး နှစ်ကြာမြင့်မည်ဖြစ်ပြီး တံတားအမျိုး အစားမှာ သံမဏိကြိုးဆိုင်းတံတားအမျိုးအစားဖြစ်ပြီး အမြင့် ၄၉မီတာ၊အကျယ် ၁၅၁မီတာ၊ ပင်မတံတားအရှည် ၁၉၃၆ ပေရှိပြီး လေးလမ်းသွား တံတားဖြစ်သည်။
Credit: News Watch