သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံလိုသူများအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ကူညီရန်အသင့်ရှိနေ

သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံလိုသူများအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ကူညီရန်အသင့်ရှိနေ - Property News in Myanmar from iMyanmarHouse.com
11 Sep 2017 9:56 am တွင် တင်ခဲ့သည်
2785 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်အတွင်းရှိ မြန်မာ-ဂျပန် အစိုးရ နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် ဖော်ဆောင်နေသော သီလဝါအထူးစီးပွားရေးဇုန်တွင် ယခုအခါ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ယခင်ထက် ပိုမိုများပြားလာလျက်ရှိရာ ရင်းနှီးမြှုပ်နှံလိုသူ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအနေဖြင့် အကူအညီလိုအပ်ပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)မှ ပေးအပ်ရန် အသင့်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ''သီလဝါအထူးစီးပွားရေးဇုန်ကို စတင်ဖော်ဆောင်တုန်းက အခုလောက် မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ ခုဆိုရင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေက ယခင်ထက်ပိုမိုများပြားမြင့်တက် လာနေသလို ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ စက်ရုံတွေ၊ အထည်ချုပ် စက်ရုံတွေ၊ ကားအပို ပစ္စည်းစက်ရုံတွေအပြင် အခြားကဏ္ဍအလိုက် ဖွင့်လှစ်လာတဲ့စက်ရုံတွေ အတော်ကိုများပြားလာပါပြီ။ ဒီအပေါ်မှာ ပြည်တွင်း မြန်မာလုပ်သားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုကလည်း ယခင်ထက်မြင့်တက်လာသလို မြန်မာနိုင်ငံရဲ့ ပို့ကုန်/သွင်းကုန် ကိစ္စရပ်တွေမှာလည်း များစွာအထောက်အပံ့ ပြုနေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ယခုအခါဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် ရှိလာတဲ့အချိန်မှာ သီလဝါအထူးစီးပွားရေးဇုန်ကို ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုတွေဝင်ရောက်လာတာဟာ အချိန်ကိုက်တယ်လို့ပြောရမှာပါ။

သီလဝါ အထူးစီးပွားရေးဇုန်အပြင် အခြားအလားအလာကောင်းတဲ့ ဒေသတွေမှာလည်း လာရောက်ရင်းနှီးမြှုပ်နှံစေလိုပါတယ်။ ဒီအပေါ်မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေနဲ့ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်တွေကို လိုအပ်တဲ့အကူအညီတွေ ပေးသွားဖို့ အဆင်သင့်ရှိနေပါတယ်''ဟု ပြောသည်။

လက်ရှိအနေအထားအရ သီလဝါအထူးစီးပွားရေးဇုန်သို့ ပြည်တွင်း၊ ပြည်ပ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများအဖြစ် ဟက်တာ ၄ဝဝ ကျယ်ဝန်းသော ဇုန်(ဗ)၌ စက်ရုံ အလုပ်ရုံများပါဝင်သော ကုမ္ပဏီ ၇၉ ခု၊ ၁ဝ၁ ဟက်တာ ကျယ်ဝန်းသော ဇုန်(B)၌ စက်ရုံအလုပ်ရုံများပါဝင်သော ကုမ္ပဏီ ငါးခုတို့ဖြင့် စုစုပေါင်း ကုမ္ပဏီ ၈၄ ခု ဝင်ရောက်ကာ ရင်းနှီးမြှုပ်နှံဆောင်ရွက်နေကြောင်းသိရသည်။

ယခုအခါ တည်ဆောက်ပြီးစီးနေပြီဖြစ်သော စက်ရုံအလုပ်ရုံ ၃ဝ ကျော်မှ လုပ်ငန်းများစတင်လည်ပတ်နေပြီဖြစ်ပြီး ကျန်ရှိနေသောအထူးစီးပွားရေးဇုန် (B)မှာ ယခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်သည်။ သီလဝါအထူးစီးပွားရေးဇုန်သည် စီမံကိန်းဧရိယာ စုစုပေါင်း ဟက်တာ ၂၄ဝဝ ကျယ်ဝန်းပြီး လုပ်ငန်းများကို ဇုန်အဆင့်အလိုက် ဖော်ဆောင်နေကြောင်း သီလဝါအထူးစီးပွားရေးဇုန်ဖော်ဆောင်ရေး မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီမှ သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်သည် သန်လျင်မြို့နယ်အပြင် အခြားဝန်းကျင် ဒေသများရှိ ဒေသခံလုပ်သားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးနိုင်သော နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လာရောက်ရင်းနှီးမြှုပ်နှံ တည်ဆောက်နေသော စက်ရုံအလုပ်ရုံများမှာ လူမှုပတ်ဝန်းကျင်ဒေသများတွင် သဘာဝဘေးဒဏ်များ ထိခိုက်နိုင်သည့်အခြေအနေများ ဖြစ်ပေါ်လာမည်(သို့) အများပြည်သူအတွက် ကျန်းမာရေးထိခိုက်နိုင်သည့် အခြေအနေများဖြစ်ပေါ်မည်ဆိုလျှင် စက်ရုံ တည်ဆောက်ကာ ဝင်ရောက်ရင်းနှီးမြှုပ်နှံခွင့် ပြုမည်မဟုတ်ကြောင်း မြန်မာ-ဂျပန် သီလဝါအထူးစီးပွားရေးဇုန် ဖော်ဆောင်ရေးစီမံကိန်းရုံးမှ သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်သည် မြန်မာ-ဂျပန် နှစ်နိုင်ငံအစိုးရကြား ပူးပေါင်းဆောင်ရွက်နေသော စက်မှုဇုန်ကြီးဖြစ်ပြီး မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ၅၁ ရာခိုင်နှုန်းဖြစ်၍ ယင်းတို့ထဲတွင် ပြည်တွင်းကုမ္ပဏီကြီးများလည်း ပါဝင်ကြောင်း သိရသည်။ ဂျပန်နိုင်ငံအစိုးရဘက်မှ ၄၉ ရာခိုင်နှုန်းဖြစ်ကာ JICA အပြင် မစ်ဆူဘီရှီ၊ ဆူမီတိုမိုနှင့် ဘဏ်လုပ်ငန်းသုံးခုတို့ ပါဝင်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန်ဖော်ဆောင်ရေးစီမံကိန်းရုံးမှ သိရသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service