ထိုင်းအသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ အထူးသဖြင့် မန္တလေးတိုင်းဒေသကြီးတွင် ထိုင်းစက်မှုလုပ်ငန်းများအတွက် သဘာဝရင်းမြစ်များကြွယ်ဝ သောကြောင့် သွားရောက်ရင်းနှီးမြှုပ်နှံ ကြမည်ဟု ထိုင်းလုပ်ငန်းရှင်များ အသင်းအမှုဆောင်အရာရှိ နူတာပွန်ဗီရှီကီချာကန်က စက်တင်ဘာ ၈ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။
''ထိုင်းလုပ်ငန်းရှင်တွေဟာ အသေးစားနဲ့ အလတ်စားလုပ်ငန်း တွေအတွက်များစွာအဆင်ပြေစေမယ့် မန္တလေးကိုပိုမိုစိတ်ဝင်စားကြပါတယ်''ဟု ၎င်းက ပြောဆိုလိုက်သည်။ မန္တလေးသည် မြန်မာနိုင်ငံတွင် ရန်ကုန်နောက် ဒုတိယအကြီးဆုံးစီးပွားရေးမြို့တော်ဖြစ်သည်။ ယင်းဒေသ၏ ၇ဝ ရာခိုင်နှုန်းမှာ စိုက် ပျိုးရေးလုပ်ငန်းများဖြစ်ကြသည်။
မန္တလေးတွင် မိုဘိုင်းဖုန်း အသုံးပြုသူ ၁၈ ဒသမ ၁ သန်းရှိ ပြီး အစိုးရက တယ်လီနောနှင့် အူရီဒူးကုမ္ပဏီများအား အော်ပရေတာများအဖြစ် လိုင်စင်များထုတ် ပေးထားသည်။
မန္တလေးတွင် လူဦး ရေသန်း ၇ ဒသမ ၃၁ သန်းရှိပြီး ယင်းသည် စီးပွားရေးဆွဲဆောင်မှုရှိသော ပမာဏဖြစ်သည်ဟု ၎င်းက ပြောလိုက်သည်။ မန္တလေးမြို့သည် ဘင်္ဂလားဒေ့ရှ်- တရုတ်-အိန္ဒိယ-မြန်မာစီးပွားရေး စင်္ကြံလမ်းဖြတ် သန်းသွားရာမြို့ဖြစ်သည်။
တရုတ်၏ရပ်ဝန်းတစ်ခု လမ်းတစ်ခုအစီအစဉ်တွင်း၌လည်း အကျိုးသက်ရောက် မှုရှိသောမြို့ဖြစ်၍ စီးပွားရေးအလား အလာရှိသောမြို့အဖြစ် ထိုင်းလုပ်ငန်းရှင်များက ယူဆထားသည်။
Credit: Yangon Times