ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်ယူရေး၊ စိုက်ပျိုးေ ရးနှင့် ခရီးသွားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်အတွက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီထံ လာရောက် တင်ပြထားသည့် လုပ်ငန်းပေါင်း ၁၆ ခုထိရှိနေပြီး ယင်းလုပ်ငန်းအဆိုပြုလွှာများကို ကော်မတီအနေဖြင့် စိစစ်ခွင့်ြ ပုပေးနိုင်ရန် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်များအလိုက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များတွင် အဆင့် (၇) သာရှိပြီး နယ်မြေကျယ်ဝန်းသော်လည်း လမ်းပန်းဆက် သွယ်ရေး ခက်ခဲခြင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ ရှိနေခြင်းများကြောင့် လာရောက် ရင်းနှီးမြှုပ်နှံလိုသူ နည်းပါးနေကြောင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များအား တိုင်းဒေသကြီးအစိုးရမှ ဖိတ်ခေါ်ေ နလျက်ရှိနေပြီး လုပ်ငန်းရင်းနှီးမြှုပ်နှံရန်အတွက် အကြိုလေ့ လာခွင့်များ ကိုပါ ပေးထားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်အရ ဖွဲ့စည်းထားသည့် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီထံ လာရောက်အဆိုပြုတင်ထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၆ ခုရှိပြီး ယင်းတို့ ကို ခွင့်ပြုပေးနိုင်ရန် စီစစ်ဆောင်ရွက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။
“ဧရာဝတီတိုင်းမှာဆိုရင် အခုလက်ရှိပေါ့လေ ကျွန်တော်တို့ ကော်မတီကို လာတင်ပြီးတော့ အဆိုပြုလွှာတင်တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၆ ခု ရှိပါတယ်။ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီကိုတင်ထားတာ။ ဒါပေမဲ့ ဒီအဆိုပြုလွှာတွေဟာ လောလောဆယ်မှာ စိစစ်ဆဲဖြစ်ပါတယ်။ စိစစ်ဆဲဆို တာ သူတို့ရဲ့လိုအပ်ချက်တွေပေါ့။ အဆိုပြုလွှာ တစ်ခုမှာ ပါဝင်ရမဲ့အချက်ေ တွကို စိစစ်ဆဲဖြစ်တဲ့အတွက် တိုင်းဒေသကြီးကော်မရှင်အနေနဲ့ အခုချိန်ထိ တစ်ခုမှ စိစစ်ခွင့်ပြုထားခြင်း မရှိသေးပါဘူး။ အခုတင်ပြထားတဲ့ ၁၆ ခုကို လျင်လျင်မြန်မြန် စိစစ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ လာတင်ထားတာမှာ လုပ်ငန်းမျိုးစုံ ပါပါတယ်။
တချို့ကတော့ လျှပ်စစ်ဓာတ်ထုတ်ယူရေး တချို့ကတော့ စိုက်ပျိုးရေးအသေး စား စက်မှုလက်မှုလုပ်ငန်းတွေ ကဏ္ဍမျိုးစုံပါတယ်။ အခုလည်း တော်ေ တ်ာများများလည်း သိထားတဲ့အတွက် ပြည်ပကရော ပြည်တွင်းကရော ဒီေ ရနက်ဆိပ်ကမ်းတို့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်တို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းတို့မှာ ရင်းနှီးမြှုပ်နှံဖို့ အကြိုလာလေ့လာထားတာတွေ ရှိပါတယ်။ ဧရာဝတီတိုင်း အစိုးရအဖွဲ့အနေနဲ့လည်း ဒီလိုအကြို လာလေ့ဖို့ အခွင့်ပေးထားပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး စက်မှုဇုန်များ၊ ရေနက်ဆိပ်ကမ်းစီမံကိန်းများနှင့် စက်မှုမြို့တော် စီမံကိန်းများကို လုပ်ဆောင်နိုင်ရန်အတွက် အစိုးရပိုင်းမှ ခွင့်ပြုပေးထားပြီဖြစ်သော်လည်း လျှပ်စစ်မီးနှင့် အခြားသော အခြေခံအဆောက်အအုံများ လိုအပ်ချက်ကြောင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာ နှောင့်နှေးနေလျက် ရှိသေးကြောင်း သိရသည်။
Credit: Eleven Media Group