ရန်ကုန်မြို့ရှိ တိုက်ခန်းတချို့ရဲ့ ဈေးနှုန်းနဲ့ ငွေပေးချေမှုပုံစံ

ရန်ကုန်မြို့ရှိ တိုက်ခန်းတချို့ရဲ့ ဈေးနှုန်းနဲ့ ငွေပေးချေမှုပုံစံ - Property News in Myanmar from iMyanmarHouse.com
8 Sep 2017 11:54 am တွင် တင်ခဲ့သည်
3846 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ရဲ့တိုက်ခန်းဈေးနှုန်း အရစ်ကျနဲ့ ငွေပေးချေမှုပုံစံကို Myanmar Builders Guide ကသိရပါတယ်။

Nan Htike Taw Win Residence

နန်းထိုက်တော်ဝင် residence က ငွေပေးချေမှုမှာ ခြောက်လ သို့မဟုတ် ခုနှစ်လအရစ်ကျပေးသွင်းနိုင်ပြီး အရစ်ကျစနစ်နဲ့ ၀ယ်ယူနိုင်တယ်လို့သိရပါတယ်။

မြေဧက ၀.၂ ဧကပေးမှာ တည်ဆောက်ထားပြီး အထပ်ပေါင်းခြောက်ထပ်ရှိတာ တစ်လွှာကို လေးခန်းဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်တယ်လို့သိပါတယ်။ Penthouse တစ်ခန်းပါဝင်ပြီး အခန်းအကျယ်အ၀န်းမှာ စတုရန်းပေ ၁၇၈၄ ပတ်လည်လောက်ကျယ်ဝန်းတယ်လို့ သိရပါတယ်။

အခန်းတန်ဖိုးမှာ တစ်စတုရန်းပေကို ကျပ် ၁၅၀,၀၀၀ ၀န်းကျင်လောက်ခန့်မှန်းထားပြီး ငွေပေးချေမှုမှာ ခြောက်လ ဒါမှမဟုတ်ခုနှစ်လ အရစ်ကျပေးချေနိုင်ပါတယ်။ BCC မကျသေးရင် ကိုယ်တိုင်လာရောက်ပေးသွင်းရမှာဖြစ်ပါတယ်။ BCC ကျပြီးရင် ဘဏ်နဲ့ချိတ်ဆက်ပေးသွင်းရမှာဖြစ်တယ်လို့သိရပါတယ်။ ငွေပေးချေမှုမှာ ပထမအရစ်အနေနဲ့ ၃၀ ရာခိုင်နှုန်း၊ ကျန်လတွေမှာ ၁၀ ရာခိုင်နှုန်း၊ BCC ကျပြီးရင် ၁၀ ရာခိုင်နှုန်းပေးသွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။

ကားထားတဲ့အခါ လွယ်ကူစေဖို့ ကားပါကင် basement တစ်ထပ်ပါဝင်ပြီး ဓါတ်လှေကားနှစ်စင်းတပ်ဆင်ပေးထားကြောင်း သိရပါတယ်။ ၂၀၁၇ နှစ်ကုန် ၂၀၁၈ နှစ်စပိုင်းလောက်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပြီး အမှတ် (၂၉) ရှမ်းရိပ်သာလမ်း၊ စမ်းချောင်းမြို့နယ်မှာ Ngapali Construction ကတည်ဆောက်နေကြောင်း သိရပါတယ်။

Skysuites Luxury Condominium

အဲသည်ကွန်ဒိုကို ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ပြီး ငါးနှစ်အရစ်ကျနဲ့ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
Q Hom Construction က ပိုင်ဆိုင်ပြီး တစ်ဧကကျယ်ဝန်းတဲ့ မြေပေါ်မှာ Skysuites ဇိမ်ခံကွန်ဒိုဆောက်လုပ်မှာဖြစ်ပါတယ်။

အထပ်ပေါင်း၂၃ ထပ်မှာ ၂ basement ရှိမှာဖြစ်ပြီး တစ်လွှာ ကို စတုရန်းပေ ၁၀၀၀ ကျော်ကနေ၂၀၀၀ ကျော်ကျယ်ဝန်းတဲ့ အခန်းတွေပျမ်းမျှခြောက်ခန်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၊ ၂၁၊ ၂၂ ထပ်တွေမှာ penthouse ကို ထားရှိမှာဖြစ်ပြီး အခန်းပေါင်း ၁၈ ခန်းလောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။
ဓါတ်လှေကား လေးစင်းပါဝင်သလို တစ်ခန်းကို ၁.၄ စီးနှုန်းရပ်နားနိုင်တဲ့ ကားပါကင်ပါဝင်ကြောင်းသိရပါတယ်။

ရေကူးကန်၊ အားကစားလေ့ကျင့်ခန်းမ (Gym), Skygarden စတဲ့ 5 Stars Condominium တွေမှာ ပါဝင်တဲ့ Facilities တွေအားလုံးပါဝင်မယ်လို့ သိရပါတယ်။

အခန်းဈေးနှုန်းမှာ တစ်စတုရန်းပေကို အမေရိကန်ဒေါ်လာ ၃၀၀ ပျမ်းမျှဖြစ်ပြီး အထပ်အမြင့်ပေါ် မူတည်၍ အခန်းဈေးနှုန်းအပြောင်းအလဲရှိနိုင်တယ်လို့ သိရပါတယ်။ ငွေပေးချေမှုစနစ်မှာ ပထမဦးဆုံး စာချုပ်ချုပ်ဆိုချိန်မှာ ၃၀ ရာခိုင်နှုန်းပေးချေရမှာဖြစ်ပြီး ကျန်ငွေကို ဧရာဝတီဘဏ်နဲ့ချိတ်ဆက်ပြီး အရစ်ကျပေးချေနိုင်တယ်လို့ သိရပါတယ်။

အဲသည်ပရောဂျက်ကို ၂၀၁၈ ဇွန်လ၀န်းကျင်မှာ ပြီးဆုံးမယ်လို့ ခန့်မှန်းထားပြီး အမှတ် (၂၃)၊ ရန်ရှင်းလမ်း၊ ရန်ကင်းမြို့နယ်မှာ ဆောက်လုပ်နေကြောင်း သိရပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

Shwe Moe Kaung
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service