ဗိုလ်ဗထူးအိမ်ရာစီမံကိန်းက တိုက်ခန်း ၈၀ဝ ကျော်ကို မဲဖောက်

ဗိုလ်ဗထူးအိမ်ရာစီမံကိန်းက တိုက်ခန်း ၈၀ဝ ကျော်ကို မဲဖောက် - Property News in Myanmar from iMyanmarHouse.com
8 Sep 2017 10:07 am တွင် တင်ခဲ့သည်
7637 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း (ဒုတိယအဆင့်)က တိုက်ခန်း ၈၀ဝ ကျော်ကို မြို့တော်ခန်းမတွင် စက်တင်ဘာလ ၇ ရက်က မဲဖောက်ရောင်းချပေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)ထံမှ သိရှိရသည်။

အဆိုပါစီမံကိန်းမှ တိုက်ခန်း ဝယ်ယူရန် လျှောက်ထားသူ ၅၇၅၂ ဦးရှိပြီး လေးခန်းတွဲ၊ ၈ ထပ်တိုက် ၂၇ လုံးမှ တိုက်ခန်း ၈၆၄ ခန်းကို အစိုးရဝန်ထမ်းများ သာမက အများပြည်သူများကိုပါ မဲစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“စက်တင်ဘာလ ၇ ရက်မှာ အစိုးရ ဝန်ထမ်း (အငြိမ်းစား)နှင့် ကုမ္ပဏီဝန်ထမ်းတွေကို မဲနှိုက်ရောင်းမယ်၊ စက်တင်ဘာလ ၈ ရက်မှာ အများပြည်သူတွေကို တိုင်းအစိုးရအဖွဲ့ အစီအစဉ်နဲ့ ပြည်သူတွေ ရှေ့မှာပဲ ပွင့်လင်းမြင်သာစွာ မဲဖောက် ရောင်းချပေးတယ်”ဟု ၎င်းကဆိုသည်။

အခန်းများကို ဈေးနှုန်းနှစ်မျိုး သတ်မှတ်ကာ ရောင်းချရန် စီစဉ်ထားပြီး စတုရန်းပေ ၆၀ဝ ကျယ်ဝန်းသည့် အခန်းကို ကျပ် ၂၈၅ သိန်းနှင့် စတုရန်းပေ ၉၀ဝ ကျယ်ဝန်းသည့်အခန်းကို ကျပ် ၃၇၇ သိန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း အင်ဂျင်နီယာဌာန(အဆောက်အအုံ)ထံမှ သိရသည်။

တိုက်ခန်းများကို အရစ်ကျ (သို့) ဘဏ်ချေးငွေဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး တိုက်ခန်းဝယ်ယူခွင့် ရရှိသူများသည် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ဝယ်ယူခွင့် ရရှိသည့်နှစ်လအတွင်း အပြီးပေးချေရမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း ငွေ စတင်ပေးသွင်းခြင်း မရှိသည့်အခန်းများ၏ ဝယ်ယူခွင့်ကို ပယ်ဖျက်၍ မဲနှိုက်ထားသည့် အရန်စာရင်း ကြီးစဉ်ငယ်လိုက်အရ ဆက်လက် ရောင်းချသွားမည်ဖြစ်သည်။

ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်း (ဒုတိယအဆင့်) လျှောက်လွှာများကို ယခုနှစ် မေလ ၂ ရက်နေ့မှ ဇွန်လ၂ ရက်နေ့အတွင်း လက်ခံခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရောင်းချသည့် ဗိုလ်ဗထူး (ပထမအဆင့်) နှင့် ဗိုလ်မင်းရောင် တိုက်ခန်း ရရှိပြီးသူများ လျှောက်ထားခွင့် မရှိကြောင်း ယင်းဌာနထံမှ သိရသည်။

“တိုက်ခန်းကို လျှောက်ထားတဲ့အတွက် ဒီနေ့ လာကြည့်တာပါ။ မဲပေါက်ရင်တော့ ကောင်းတာပေါ့။ အစိုးရအနေနဲ့ ဒီထက် ဈေးနှုန်းနိမ့်တဲ့ ဈေးနှုန်းနဲ့တိုက်ခန်းတွေကို ရောင်းချပေးမယ်ဆို ပိုကောင်းတယ်”ဟု အငြိမ်းစားဝန်ထမ်း ဦးတင်မောင်ကဆိုသည်။

ဗိုလ်ဗထူး အိမ်ရာစီမံကိန်း (ဒုတိယအဆင့်)ကို ၂၀၁၅ ဒီဇင်ဘာလတွင် စတင် တည်ဆောက်လျက်ရှိရာ စီမံကိန်းကာလ သုံးနှစ်ကြာမြင့်မည်ဖြစ်ပြီး ယင်းတိုက်ခန်းများကို ၂၀၁၈ ဒီဇင်ဘာတွင် တည်ဆောက်မှု ပြီးစီးမည်ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (အဆောက်အအုံ)ထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

imyanmarmarket
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service