စင်္ကာပူစီးပွားရေးသည် နောက်ဆုံးခန့်မှန်းထားခဲ့သည့်အတိုင်း မပြောင်းလဲဘဲ ယခုနှစ်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်း ဖွံ့ဖြိုးမည်ဖြစ်ကြောင်း စင်္ကာပူဗဟိုဘဏ် ဖြစ်သည့် စင်္ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (MAS) ၏ ဆန်းစစ်လေ့လာမှုတစ်ရပ်အရ သိရသည်။
၂၀၁၇ ခုနှစ် တတိယသုံးလပတ်တွင် ပြည်တွင်းအသားတင်ထုတ်ကုန် (ဂျီဒီပီ) သည် ၃ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်မည်ဟု ဗဟိုဘဏ်က
ခန့်မှန်းထားသည်။
စင်္ကာပူစီးပွားရေးသည် ၂၀၁၇ ခုနှစ် ဒုတိယသုံးလပတ်တွင် ၂ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း စီးပွားရေးပညာရှင်များအား မေးမြန်းခဲ့သည့် သုံးလပတ်စဉ်စစ်တမ်းက ဖော်ပြခဲ့သည်။
ကုန်ထုတ်လုပ်မှုကဏ္ဌသည် အမြင့်ဆုံးနှုန်းဖြင့် ၆ ဒသမ ၆ ရာခိုင်နှုန်း ယခုနှစ်တွင် မြင့်တက်ဖွံ့ဖြိုးမည်ဟု စီးပွားရေးပညာရှင် ၂၁ ဦးက ခန့်မှန်းထားသည်။
ငွေကြေးဖောင်းပွမှုနှုန်းသည် ယခုနှစ်တွင် ၀ ဒသမ ၈ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားသည်။ ယခုအကြိမ်မတိုင်မီ ဇွန်တွင် နောက်ဆုံးခန့်မှန်းထားခဲ့သည်မှာဝ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်သည်။
အလုပ်လက်မဲ့နှုန်းသည်လည်း နောက်ဆုံးခန့်မှန်းထားခဲ့သည့်အောက် လျော့နည်းကာ ၂ ဒသမ ၂ ရာခိုင်နှုန်း ရှိမည်ဟု ၎င်းပညာရှင်များက ခန့်မှန်းထားကြသည်။
ဂျီဒီပီဖွံ့ဖြိုးနှုန်းမှာ ဇွန်တွင် နောက်ဆုံးခန့်မှန်းခဲ့သည့်အတိုင်း မပြောင်းလဲဘဲ ၂ ဒသမ ၅ ရာခိုင်နှုန်း ရှိလာမည်ဟု ခန့်မှန်းထားကြသည်။
မြောက်ကိုရီးယားတင်မာမှုအရေးကဲ့သို့သော ဘူမိနိုင်ငံရေးမတည်ငြိမ်မှုသည် စင်င်္ကာပူစီးပွားရေးကို ခြိမ်းခြောက်စေနိုင်ကြောင်းလည်း ယင်းပညာရှင်များက ထက်ဝက်ခန့်က ပြောကြားခဲ့ကြကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com