ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် jhabitat က အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ဆင်းရဲနွမ်းပါးသူများ နှစ် ၃ဝ အခမဲ့ဖြင့် နေထိုင် နိုင်မည့်တိုက်ခန်း ၆ဝ ကို လာမည့် အောက်တိုဘာလတွင် ထပ်မံလွှဲပြောင်းေ ပးမည်ဖြစ်ကြောင်း hHNabctat မှ အကြီးတန်း အကြံပေးအရာရှိ မစ္စတာ ဒန်ဇီလ်အေဘယ်လ်က ယခုလ ၅ ရက်တွင် ပြောသည်။
ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ်အရ ဂျပန် နိုင်ငံအစိုးရ၏ ငွေကြေးအကူအညီဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ေ ဆာက်လျက်ရှိသည့် အဆိုပါ ရိုးမအိမ်ရာတွင် နေထိုင်ရန် မသင့်တော်သော အိမ်များ၊ ကျူးကျော်နေရာများတွင် နေထိုင်နေရသူများကို နေရာချထားပေး မည်ဖြစ်သည်။
''အခု တိုက်ခန်းတွေက တည်ဆောက်ပြီးပါပြီ။ မီးနဲ့ ရေရဖို့ပဲ ကျန်ပါတော့ တယ်။ ဝါကျွတ်ချိန်မှာ နေထိုင်ခွင့်ရ တဲ့သူတွေကို တိုက်ခန်းတွေလွှဲပြောင်းေ ပးပါမယ်။ အခုက ဝါတွင်းဆိုတော့ ထုံးတမ်းစဉ်လာအရလည်း အိမ်ပြောင်းဖို့ မလွယ်ပါဘူး''ဟု မစ္စတာ ဒန်ဇီလ်အေဘယ်လ်က ပြောသည်။
နှစ်ပေါင်း ၃ဝ အခမဲ့နေထိုင်ခွင့်ရမည့် ရိုးမအိမ်ရာတွင် အိမ်ခန်းပေါင်း ၁၈ဝ ပါဝင်သော အဆောက်အအုံကိုးလုံးကို အကောင်အထည်ဖော် တည်ဆောက် မည်ဖြစ်သည်။ အဆိုပါစီမံကိန်းမှ အိမ်ခန်းပေါင်း ၁၂ဝ ကို ပြီးခဲ့သည့် ဇွန်လ ဆန်းပိုင်းတွင် နေထိုင်နိုင်ရန် လွှဲပြောင်းပေးအပ်ခဲ့ပြီး လက်ကျန် အခန်းပေါင်း ၆ဝ ကို လွှဲပြောင်းပေးရန် နေထိုင်ခွင့်ရရှိသူများကို ရွေးချယ် ထားပြီးဖြစ်သည် ဟုလည်း မစ္စတာအေဘယ်လ်က ပြောသည်။
''မြေနေရာ အခက်အခဲကြောင့် ပထမတိုက် ခြောက်လုံးဆောက်ပြီး နောက် တစ်နေရာမှာ တိုက်သုံးလုံးဆောက်ရတာပါ။ ဒဂုံဆိပ်ကမ်းမြို့သစ်၊ ကရုဏာ လမ်းမပေါ်မှာ တိုက်သုံးလုံးဆောက်ဖို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက မြေေ နရာပေးပါတယ်။ မိသားစု ၁၈ဝ အတွက် တိုက်ကိုးလုံးဆောက်ပေးဖို့ လုပ် ထားတာ။ မြေနေရာက အဆင်မပြေတော့ တိုက်ခြောက်လုံးကို တစ်နေရာ မှာဆောက်ပြီး နောက်ထပ် သုံးလုံးကို တစ်နေရာမှာ ဆောက်ရတာပါ''ဟု ၄င်းက ပြောသည်။
စတုရန်းပေ ၃၅ဝ အကျယ်အဝန်းရှိ တိုက်ခန်းများတွင် နေထိုင်ခွင့်ရသူများ သည် ပြန်လည် ငှားရမ်းခွင့်၊ရောင်းချခွင့်နှင့် လွှဲပြောင်းနေထိုင်ခွင့်မရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။ စည်းကမ်းလိုက်နာမှုမရှိသော၊ တိုက်ခန်းများကို ထိန်းသိမ်းစောင့်ရှောက်မှု မရှိသော နေထိုင်သူများကို နေထိုင်ခွင့် ရုပ်သိမ်းမည်ဖြစ်သည်ဟု စီမံကိန်း ဒါရိုက်တာ မစ္စတာ ဘီဂျေကာမာချာယာက ပြောသည်။
''စီမံကိန်းကို ဒေသခံတွေအကျိုးအတွက် အကောင် အထည်ဖော်တာဖြစ်လို့ တိုက်ခန်းမှာ နေထိုင်ခွင့်ပေးဖို့ ဒေသခံတွေကိုပဲ ရွေးချယ်စေခဲ့ပါတယ်။ ဘယ် သူကပိုဆင်းရဲပြီး အိမ်ရာလိုအပ်ချက် ပိုများနေတယ်ဆိုတာ ဒေသခံတွေကပဲ အသိဆုံးဖြစ်လို့ ဒေသခံတွေကို ကော်မတီဖွဲ့စေပြီး နေထိုင်ခွင့်ရသူတွေကို သူတို့ဘာသာ စိစစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။
Credit: Myanmar Time