တရုတ်ပြည်တွင် ဝယ်လက်တို့ထံမှ လာဘ်ငွေ ကန်ဒေါ်လာ ၇ သိန်းကျော် ရယူခဲ့ကြသည့် အိမ်ခြံမြေအရောင်းဝန်ထမ်း ၃ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

တရုတ်ပြည်တွင် ဝယ်လက်တို့ထံမှ လာဘ်ငွေ ကန်ဒေါ်လာ ၇ သိန်းကျော် ရယူခဲ့ကြသည့် အိမ်ခြံမြေအရောင်းဝန်ထမ်း ၃ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး - Property News in Myanmar from iMyanmarHouse.com
7 Sep 2017 12:13 pm တွင် တင်ခဲ့သည်
6634 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ဝယ်လက်တို့ထံမှ လာဘ်ငွေ ကန်ဒေါ်လာ ၇ သိန်းကျော် ရယူခဲ့ကြသည့် အိမ်ခြံမြေအရောင်းဝန်ထမ်း ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ရှန်ဟိုင်းရှိ အိမ်ခြံမြေအရောင်းဝန်ထမ်း ၃ ဦးသည် လာဘ်ငွေ ယွမ်ငွေ ၅ သန်း (ကန်ဒေါ်လာ ၇၆၅၀၀၀ ခန့်) ယူခဲ့ကြောင်း ရဲတပ်ဖွဲ့ကို ဝန်ခံခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးထိန်းသိမ်းလိုက်သည့် ၃ ဦးတွင် အရောင်းဒါရိုက်တာတစ်ဦးလည်း ပါဝင်ပြီး ရှန်ဟိုင်းမြို့၊ ဖန်းရှန်ခရိုင်ရှိ လူနေအိမ်ရာ စီမံကိန်း၏ တိုက်ခန်းသစ်များ ရောင်းချရာတွင် လာဘ်ငွေ ရယူခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့သည် တိုက်ခန်းလာရောက်ဝယ်ယူသော ဝယ်လက်များကို တိုက်ခန်းများ ရောင်းကုန်သွားပြီဟုဆိုကာ လာဘ်ငွေပေးသူတို့ကိုသာ ရောင်းချပေးခဲ့သည်ဟု ဆိုသည်။

ဝယ်လက်တစ်ဦးလျှင် ယွမ်ငွေ တစ်သိန်းမှ နှစ်သိန်းအကြား (ကန်ဒေါ်လာ ၁၅၃၀၀ မှ ၃၀၆၀၀ ကြား) လာဘ်ထိုးခဲ့ကြရကြောင်း နိုင်ငံပိုင် စီစီတီဗွီသတင်းဌာနက ထုတ်လွှင့်သွားပြီး ဆောက်လုပ်ရေးစီမံကိန်း၏အမည်ကိုမူ ထုတ်ဖော်ကြေညာခဲ့ခြင်း မရှိချေ။

ယင်းသို့ လာဘ်ထိုးကာ ဝယ်ယူရသည်အထိ ဖြစ်ပွားရလျက်ရှိခြင်းမှာ ရှန်ဟိုင်းအိမ်ခြံမြေအရောင်းဈေးကွက်တွင် တိုက်ခန်းသစ်များ ရောင်းလိုအား အလွန်နည်းပါးလျက်ရှိခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သောနှစ်အတွင်း ရှန်ဟိုင်းတွင် နေအိမ်သစ်များ၏ ဈေးနှုန်းမှာ ၄၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
သို့ရာတွင် အစိုးရ၏ ဈေးနှုန်းတည်ငြိမ်ရေးတင်းကြပ်မှုများကြောင့် ပြန်လည်ဈေးငြိမ်ခဲ့သည်။

“ဒီလိုမျိုး ထပ်ဆောင်းအခကြေးငွေတွေ ကုန်ကျရတာ တရားမဝင်ပါဘူး။ ဒါပေမယ့် ဒီဖြစ်ရပ်က ရှန်ဟိုင်းမှာ လူနေအိမ်ရာသစ်ဖြည့်တင်းပေးနိုင်မှုမရှိဘဲ ရှားပါးနေတဲ့အဖြစ်ကို ထင်ဟပ်ပြသနေပါတယ်။ ဒါက တချို့အိမ်ခြံမြေလောကဝန်ထမ်းတွေ မသမာမှုလုပ်ဖို့ အခွင့်အရေးတစ်ခုအဖြစ် ဖန်တီးပေးသလို ဖြစ်နေတယ်” ဟု ရှန်ဟိုင်းအခြေစိုက် E-house China မှ သုတေသနဒါရိုက်တာ ယန်ယူကျင်းက ပြောကြားသည်။

မြို့ပေါင်း ၆၀ ကျော်မှာ ပေါ်လစီမိတ်ကာတို့က အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှုကို တားဆီးနိုင်ရန်အတွက် ဝယ်လက်များ၊ အရောင်းဈေးနှုန်းများ၊ အိမ်ခြံမြေချေးငွေကဏ္ဍများအပေါ် စည်းမျဉ်းတင်းကြပ်မှုများ လွန်ခဲ့သောနှစ်ကုန်ပိုင်းကတည်းက ပြုလုပ်ခဲ့သည်။

ရှန်ဟိုင်းကဲ့သို့ မြို့ကြီးများတွင်မူ အတင်းကြပ်ဆုံးထိန်းချုပ်မှုများ ပြုလုပ်ခဲ့ပြီး အထူးသဖြင့် developer တို့အနေဖြင့် အမြင့်ဆုံးရောင်းချနိုင်သည့် ဈေးနှုန်းပမာဏကို ကန့်သတ်ထားခဲ့ရာ အိမ်ခြံမြေသစ်များ ရောင်းလိုအား အကြီးအကျယ်ကျဆင်းသွားခဲ့ပြီး အချို့ developer တို့ကမူ အရောင်းဆိုင်းငံ့ထားမှုများ ပြုလုပ်လာသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

Shwe Moe Kaung
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service