ရန်ကုန်မြို့တွင် ကြယ်လေးပွင့်၊ ငါးပွင့်အဆင့် ဟိုတယ်အခန်းအရေအတွက် ၃၈၇၅ ၀န်းကျင်ရှိလာပြီး ယခင်နှစ်ကာလတူထက် အခန်းငှားရမ်းမှုနှုန်း များ လျော့ကျခဲ့ကာ ငှားရမ်းခနှုန်းထားလည်း ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ် ပါက ခုနစ်ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အမေရိကန်အခြေစိုက် နိုင်ငံတကာ အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်သော Colliers International (Myanmar) ၏ ၂၀၁၇ ခုနှစ် ဒုတိယ သုံးလပတ်ဆိုင်ရာ ဈေးကွက်သုံးသပ် ချက်အရ သိရသည်။
နိုင်ငံတကာအဆင့်အတန်းမီ ဟိုတယ်အခန်းအရေအတွက်သည် ၂၀၁၇ ခုနှစ် ဇွန်လအထိ သိသိသာသာ တိုးလာခြင်းမရှိဘဲ အခန်းအရေအတွက် ၃၈၇၀ေ ကျာ်သာ ဆက်ရှိခဲ့ခြင်း ဖြစ်သည်။ ဈေးကွက်အခြေအနေမှာ ယှဉ်ပြိုင်မှု များ ပြင်းထန်လာခြင်းကြောင့် အကျပိုင်းရောက်ရှိလာခဲ့ပြီး ဈေးကွက်ပိုမိုရရှိရန် ဟိုတယ်ကြီးများအနေဖြင့် ဖန်တီးမှုနှင့် ဈေးကွက်ရှာဖွေရေး ဗျူဟာအသစ် များ ဆောင်ရွက်ရန် လိုအပ်နေသည်။ အထက်တန်းအဆင့် ဟိုတယ်အခန်း ထွက်ရှိမှုသည် ယာယီအားဖြင့် နှေးကွေးလာခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်း ပြီးစီး ခဲ့သည့် Melia ဟိုတယ် နောက်ပိုင်း ၂၀၁၇ ခုနှစ် သြဂုတ်လအထိ ဈေးကွက် အတွင်း ဟိုတယ်သစ် ထပ်မံမ၀င် ရောက်နိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်တွင် အခန်း ၃၀၀ ၀န်းကျင်ပါဝင်သည့် Lotte ဟိုတယ်ကို ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်အတွင်း ပြီးစီးရန် မျှော်မှန်းထားသည့် နိုင်ငံ တကာ ဟိုတယ်များမှာ Pan Pacific Hotel ( Junction City), Pullman Yangon , Sheraton Hotel တို့ ဖြစ်ပြီး ယင်းဟိုတယ်များမှ အခန်းပေါင်း ၁၁၀၀ ခန့် ဈေးကွက်ဝင်လာမည် ဖြစ်သည်။ အဆိုပါအရေအတွက်ကြောင့် ရန်ကုန်မြို့၏ အထက်တန်းစား ဟိုတယ်အခန်း အရေအတွက်သည် ၂၀၁၇ ခုနှစ်အတွင်း သိသိသာသာ ထပ်မံတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတကာ ဟိုတယ်လုပ်ငန်း တစ်ခုဖြစ်သော Kempinski က ၎င်း၏ ရန် ကုန်ဟိုတယ်အဖြစ် ကမ်းနားလမ်းတွင်တည်ရှိသော ကိုလိုနီခေတ် အဆောက်အအုံတစ်လုံးကို ပြင်ဆင်လျက်ရှိပြီး ၂၀၁၈ ခုနှစ် ဒုတိယ သုံးလ ပတ်၌ ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားသည်။ Marriot International ကလည်း ရန်ကုန်မြို့လယ် ဆူးလေလမ်းမပေါ်တွင် ဟိုတယ်ဖွင့်လှစ်ရန် စီစဉ်ဆောင် ရွက်လျက်ရှိပြီး ၂၀၁၈ ခုနှစ် ဒုတိယသုံးလပတ်၌ ဖွင့်လှစ်နိုင်ရန် ခန့်မှန်း ထားသည်။ ထိုသို့ဟိုတယ်အသစ်များ ရန်ကုန်ဈေးကွက်အတွင်း အပြိုင်အဆိုင် ထပ်မံဝင်ရောက်မည်ဖြစ်ခြင်းကြောင့် လာမည့် သုံး-လေးနှစ်အတွင်း ဟိုတယ် အခန်းသစ် ၄၀၀၀ ၀န်းကျင် ထပ်တိုးလာနိုင်ကြောင်း သုံးသပ် ထားသည်။
အဆင့်မြင့်ဟိုတယ်အခန်း ပျမ်းမျှငှားရမ်းမှုနှုန်းသည် ၂၀၁၇ ပထမသုံးလပတ် တွင် ၅၂ ရာခိုင်နှုန်းရှိပြီး ၂၀၁၇ ဒုတိယသုံးလပတ်တွင် ရာခိုင်နှုန်း ၄၀ေ အာက်အထိ ကျဆင်းခဲ့သည်။ ဇွန်လမှ စက်တင်ဘာလအတွင်းသည် မိုးကာ လဖြစ်သောကြောင့် ဧည့်သည်ဝင် ရောက်မှုနှုန်းကျဆင်းခဲ့ပြီး ဟိုတယ်များ အကြား ယှဉ်ပြိုင်မှု ပိုမိုပြင်းထန်စေခဲ့သည်။ ဖြစ်ပေါ်လာနိုင်သည့် ဈေးကွက် အနေအထားများအရ ဟိုတယ်များအနေဖြင့် စီးပွားရေးခရီးသွားများ၊ ခရီး သွားအေဂျင်စီဖြင့် လာရောက်သည့်ခရီးသွားများ၊ ငွေသုံးနိုင်သည့် တစ်ဦးချင်း ခရီးသွားများကို အဓိကဦးတည်ပြီး အစီအစဉ်များဖြင့် ဆွဲဆောင်ရန် Colliers က အကြံပြုထားသည်။
ဟိုတယ်အခန်းငှားရမ်းမှုနှုန်း လျော့ကျလာမှုနှင့်အတူ ငှားရမ်းခလည်း ၂၀၁၇ ဒုတိယ သုံးလပတ်၌ ဆက်လျက်ကျဆင်းလာပြီး ပျမ်းမျှငှားရမ်းခသည် ၁၁၁ ဒေါ်လာအထိ (၂၀၁၇ ခုနှစ် ပထမသုံးလပတ်တွင် ၁၃၆ ဒေါ်လာ)ေ ရာက်ရှိလာခဲ့သည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ခုနစ်ရာခိုင်နှုန်း ကျ ဆင်းခဲ့ပြီး အထက်တန်းအဆင့် အခန်းများအပါအ၀င် ဟိုတယ်အခန်းခများ သည် လာမည့်နှစ်များအတွင်း ဈေးနှုန်း ဆက်လက် ကျဆင်းနေဦးမည်ဟုေ မျှာ်မှန်းထားသည်။
Credit: Eleven Media Group