ရန်ကုန်-ဒလ တံတားစီမံကိန်း တည်ဆောက်ရန် အသင့်နီးပါးဖြစ်နေချိန်တွင် နေရာရွှေ့ပြောင်းပေးရန် စာပို့ထားမှုအပေါ် အစိုးရ၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မည်ဟု လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ရန်ကုန်-ဒလ တံတားစီမံကိန်း တည်ဆောက်ရန် အသင့်နီးပါးဖြစ်နေချိန်တွင် နေရာရွှေ့ပြောင်းပေးရန် စာပို့ထားမှုအပေါ် အစိုးရ၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မည်ဟု လွှတ်တော်ကိုယ်စားလှယ် ပြောကြား - Property News in Myanmar from iMyanmarHouse.com
7 Sep 2017 11:56 am တွင် တင်ခဲ့သည်
4307 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်-ဒလတံတားစီမံကိန်း တည်ဆောက်ရန် အဆင်သင့်နီးပါးဖြစ်နေချိန် တွင် မြန်မာစက်မှုဆိပ်ကမ်း (MIP) က နေရာရွှေ့ပြောင်းပေးရန် ရန်ကုန် တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီထံ စက်တင် ဘာ ၃ ရက်တွင် စာ ပေးပို့ထားပြီး ဆက်လက် တည်ဆောက်ရန် ကိစ္စအား ပြ ည်ထောင်စုအစိုးရ၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒလမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးတင်ထွေးတင် (ခ) ဦးမြသိန်းက ပြောကြားသည်။

“အခုမှ သူတို့က ဒီဟာလေးကို နေရာ ပြောင်းရင်ပြောင်း မပြောင်းရင် Tunnel လုပ်ဆိုပြီး ပြောပါတယ်။ မနေ့ကလည်း နယ်သာလန်က လာရှင်း သွားပါတယ်။ ဘာမှ လေ့လာဆန်းစစ်ချက်တွေ လုပ်တာက အနည်းဆုံးေ လးနှစ်သုံးနှစ်ကြာမယ်။ တံတားနဲ့ဆိုရင် အနည်းဆုံး ခုနစ်နှစ် ရှစ်နှစ်ကြာမယ် ဆိုပြီးတော့ ပညာရှင်တွေက ပြောသွားတယ်။ ဒီမှာ အားလုံး လုပ်ပြီးသွားပြီ။ EIA/SIA အကြိမ်ကြိမ် လုပ်ပြီးသွားပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ဖြစ်စေချင် တာကတော့ ဆုံးဖြတ်ပြီး တဲ့အတိုင်းလုပ်ပါ။ လျော်ကြေးတွေကလည်း သုံးဘီ လျံလောက်ပေးပြီးပြီဖြစ်တဲ့အတွက် ဒါကိုတော့ မပြောင်းသင့်တော့ဘူး။ လျော် သင့်တဲ့သူတွေ လျော်ပြီးပြီ။ ဖျက်သင့်တာတွေလည်း လုပ်ပြီးပြီ။ အသစ်ေ ဆာက်ပေးရမယ့် ဟာတွေကိုလည်း အကုန်လုပ်ပြီးပြီ။ ဒီဟာတွေ မလုပ်ခင်က ဆိုရင်တော့ ကောင်းတာပေါ့။ အားလုံးလည်း ရွှေ့ပြောင်းဖျက်ပြီးသွားပြီ။ အခု မှ Tunnel လုပ်ဖို့ ချပြတာကတော့ ကျွန်တော်တို့မြို့နယ်အနေနဲ့ သဘောမ ကျဘူး။ အပေါ်က ညွှန်ကြားချက်အတိုင်း ဆက်လုပ်နေမှာ၊ ဆက်လုပ်ဖို့ပဲ သေ ဘာကျပါတယ်။ စီမံကိန်းကို ၂၀၁၈ တစ်လပိုင်းမှာ စတင် အကောင်အ ထည်ဖော်မှာ ဖြစ်ပါတယ်” ဟု ဦးတင်ထွေးတင် (ခ) ဦးမြသိန်းက ပြောကြား သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက မြန်မာစက်မှုဆိပ်ကမ်း (MIP) နှင့် တွေ့ဆုံကာ ညှိနှိုင်းမှုများပြုလုပ် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ရန်ကုန်-ဒလ တံတားစီမံကိန်းကို အားလုံးဆုံးဖြတ်ပြီးပြီ။ လုပ်ငန်းလည်း စတော့မယ်။ ပြည်ထောင်စုအစိုးရရဲ့ ညွှန်ကြားမှုရော ရန်ကုန်တိုင်း အစိုးရေ ရာ အကျေအလည် ဆွေးနွေးပြီးတော့မှ လုပ်ငန်းစဖို့ ရက်ပိုင်းလေးပဲ လိုေ တာ့မှ စီးပွားရေး ကော်မတီကို စာလာတင်တယ်။ ဒီနေရာလေးကို နည်း နည်းလေး နေရာပြောင်းရွှေ့ဖို့ စာလာတင်တယ်။ ဒါကိုတော့ စီးပွားရေးေ က်ာမတီက အချက်အလက်တွေ အားလုံးကို စုစည်းပြီးတော့ သူတို့နဲ့တွေ့ ဖို့ ပြန်ချိန်းထားတယ်။ သူတို့ကို အကြောင်းပြန်မယ်။ အဲဒီကျမှ အဖြေက သိမှာ။ ဒီဟာကတော့ အရင်အစိုးရလက်ထက်ကတည်းက ခွင့်ပြုခဲ့တယ်။ ဒီဘက်အစိုးရလက်ထက်မှာလည်း ဒလက ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ရဲ့ မေးခွန်းကိုလည်း ပြည်ထောင်စုလွှတ်တော်က လုပ်ပေးပါမယ်ဆိုပြီး ကတိပြုထားတယ်။ တံတားကို တန်ချိန်တစ်သောင်းခွဲ သင်္ဘောတွေ ၀င်လို့ ရအောင် ဆောက်မယ်ဆိုပြီး ကတိပြုပြီးတာကြာပါပြီ” ဟု ဦးတင်ထွေးတင် (ခ) ဦးမြသိန်းက ပြောကြားသည်။

ရန်ကုန်-ဒလ တံတားတည်ဆောက်မှုအား ၂၀၂၁ ခုနှစ် ဇွန်လတွင်ပြီးစီးရန် ခန့်မှန်းထားပြီး တံတားတည်ဆောက်ရန် ကိုရီးယား နိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးရန်ပုံငွေ (EDCF Loan) မှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် ပြည်တွင်း လိုအပ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသ မ ၃၄၁ သန်း ဖြင့်ဆောင်ရွက်မည်ဖြစ်ပြီး စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

CarsDB Showroom Opening
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service