အွန်လိုင်းရှယ်ယာရောင်းဝယ်မှုစနစ်သစ်မှာ တစ်နေ့ဈေးကွက် ၄ ကြိမ်ဖွင့်လှစ်သွားမယ်လို့ရန်ကုန်စတော့အိတ်စ်ချိန်းရုံးတာဝန်ရှိသူတွေထံကသိရပါတယ်။
စတော့ရှယ်ယာရောင်းဝယ်မှုလုပ်ငန်း အရှိုန်မြင့်တင်ဖို့ ရန်ကုန်စတော့အိတ်စ်ချိန်းရုံးအနေနဲ့ အွန်လိုင်းရှယ်ယာ
ရောင်းဝယ်နိုင်ဖို့ ကြိုးစားနေပြီး လက်ရှိ Securities ကုမ္ပဏီတွေရဲ့ လုပ်ငန်းတွင်းပြင်ဆင်ဆောင်ရွက်မှုတွေ
ကို စီစစ်နေပြီဖြစ်တယ်လို့လည်းသိရပါတယ်။
လက်ရှိရှယ်ယာအရောင်းအဝယ်စနစ်က ရှယ်ယာရောင်းချတဲ့ Securities ကုမ္ပဏီတွေနဲ့ စတော့ရုံးကို ကိုယ် တိုင်လာရောက်မှသာ အရောင်းအဝယ်ဖြစ်တဲ့အခြေအနေဖြစ်တာကြောင့် လူထုစိတ်ဝင်စားမှု
အားနည်းလျှက် ရှိတယ်လို့လည်းသိရပါတယ်။
ရန်ကုန်စတော့ဈေးကွက်စတင်တာ တစ်နှစ်ကျော်လာပြီဖြစ်သော်လည်း စတော့စာရင်းဝင်အများပိုင်
ကုမ္ပဏီ ၄ ခုရဲ့ ရှယ်ယာတွေကိုသာ လှည်ပတ်ရောင်းဝယ်နေကြပြီး ဈေးကွက်ပိုမိုကျယ်ပြန်စေရန့်အတွက်
လည်း အများပိုင် အင်္ဂါရပ်နဲ့ပြည့်စုံတဲ့ ကုမ္ပဏီတွေကိုလည်း အခုလအတွင်းကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာ
နက ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
ဒီအတွက်အခုနှစ်ကုန်မှာ စတော့စာရင်းဝင်အများပိုင်ကုမ္ပဏီ ၂ ထပ်တိုးလာဖို့ရှိတယ်လို့လည်း ရန်ကုန်စ
တော့ အိတ်စ်ချိန်းရုံးတာဝန်ရှိသူက ပြောဆိုပါတယ်။
အခုသြဂုတ်လမှာ ရှယ်ယာ ၃ သိန်းဝန်းကျင်အရောင်းအဝယ်ဖြစ် ခဲ့ပြီး ဈေးကွက်တန်ဖိုးက ငွေကျပ်သန်း ၂၃၀၀ ကျော်အထိရှိခဲ့တယ်လို့ သိရပါတယ်။
Credit: SFJ Strategy First