ရှန်ဟိုင်းအိမ်သစ်ရောင်းအား ပြန်လည်မြင့်တက်

ရှန်ဟိုင်းအိမ်သစ်ရောင်းအား ပြန်လည်မြင့်တက် - Property News in Myanmar from iMyanmarHouse.com
6 Sep 2017 10:33 am တွင် တင်ခဲ့သည်
706 ကြိမ် ကြည့်ရှု့ပြီး
အိမ်သစ်ရောင်းအား တဖြည်းဖြည်းပြန်လည်မြင့်တက်လာနေသည့် တရုတ်နိုင်ငံရှန်ဟိုင်းမြို့တွင် စက်တင်ဘာ ၃ ရက်၌ ကုန်ဆုံးခဲ့သော သီတင်းပတ်အတွင်းအိမ်သစ်ရောင်းအားသည် သီတင်းပတ်ငါးပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ်စတုရန်းမီတာ ၁ သိန်းကျော်လွန်ခဲ့ကြောင်း နောက်ဆုံးထွက်ရှိလာသည့်ဈေးကွက်အချက်အလက်များက ဖော်ပြခဲ့သည်။

အစိုးရ မတည်သော တန်ဖိုးနည်းအိမ်ရာမှအပ အိမ်သစ်ရောင်းချရမှုဧရိယာသည်ပြီးခဲ့သည့်သီတင်းပတ်အတွင်း ၁၄၈,၀၀၀ စတုရန်းမီတာ ရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်ထက် ၆၉ ရာခိုင်နှုန်း ခုန်တက်ခဲ့ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Shanghai Centaline Property Consultants Co ကစက်တင်ဘာ ၄ ရက်တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

မြို့စွန်ရှိ ကျားသင်းခရိုင်၌ ယင်းမတိုင်မီသီတင်းပတ်ထက် ၂၇၈ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ စတုရန်းမီတာ ၅ သောင်း ၃ ထောင် ရောင်းချခဲ့ရပြီး
ခရိုင်းများအနက် အမြင့်ဆုံးနှုန်းဖြစ်ခဲ့သည်။ နောက်ထပ်မြို့စွန်ခရိုင်ဖြစ်သော
ချင်ပူတွင် ဒုတိယရောင်းအားအများဆုံးအဖြစ် စတုရန်းမီတာ ၁ သောင်း ၉ ထောင်ရောင်းချခဲ့ရသည်။ အခြားမည်သည့်ခရိုင်ကမျှ စတုရန်းမီတာ ၁ သောင်း
ကျော်အောင် မရောင်းချခဲ့ရပေ။

အိမ်သစ် စတုရန်းမီတာ ၇ သောင်း ၁ ထောင်ခန့် သို့မဟုတ် ၆၀၈ ခန်းသည်
ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဈေးကွက်ထဲ ၀င်ရောက်လာခဲ့သည်။ စတုရန်းမီတာ၎ သောင်းခွဲ ၀င်ရောက်ခဲ့သည့် ယင်းမတိုင်မီသီတင်းပတ်ထက် သိသိသာသာမြင့်တက်ခဲ့ခြင်းဖြစ်သည်။ ထို့မတိုင်ခင်ကမူ ရှန်ဟိုင်းအိမ်သစ်ဈေးကွက်ထဲသို့
အိမ်သစ်ဝင်ရောက်မှုသည် သီတင်းပတ်သုံးပတ်ဆက်တိုက် သုညဖြစ်ခဲ့သည်။

အိမ်သစ်များကို ၁ စတုရန်းမီတာလျှင် ပျမ်းမျှဈေးနှုန်း ၄၅၆၁၀ ယွမ် (အမေရိကန်ဒေါ်လာ ၆၉၄၁) ဖြင့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရောင်းချခဲ့ရသည်။ယင်းမတိုင်မီသီတင်းပတ်အောက် ၈ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း Centaline ၏ အချက်အလက်များက ဖော်ပြခဲ့သည်။

အရောင်းရဆုံးစီမံကိန်း ၁၀ ခုတွင် ၆ ခုမှ အခန်းများကို ၁ စတုရန်းမီတာလျှင် ယွမ်၅ သောင်းအောက်ဖြင့် ရောင်းချခဲ့ရကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

Royal Theikdi Condo
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service