တတိယမြောက် ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းအဖြစ် အင်တာနက်ဝေါလက်(ထက်)မြန်မာလီမိတက်OK$ ကို တရားဝင်ခွင့်ပြု ချက်ပေးလိုက်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကနေ့မှာထုတ်ပြန်
လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ငွေရေးကြေးရေးအလုံးစုံပါဝင်မှု (Financial Inclusion) လုပ်ငန်းတိုးမြင့်ဆောင်ရွက်ဖို့နဲ့ ပြည်သူ တွေမိုဘိုင်းငွေရေးကြေးဝန်ဆောင်
မှုကို ပိုမိုကျယ်ပြန့်စွာရရှိနိုင်ဖို့ အခုလိုခွင့်ပြုချက်
ထုတ်ပေးခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
မြန်မာငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ဖို့ Digital Money Myanmar Limited ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့မှာ စတင်ခွင့်ပြုခဲ့ပြီး၊ ဒုတိယလုပ်ကိုင်ခွင့်ရတဲ့ Ooredoo Myanmar
Fintech Limited ကိုတော့ အခုနှစ် ဇူလိုင်လ ၂၆ ရက်
နေ့မှာ ဗဟိုဘဏ်ခွင့်ပြုချက်ထုတ်ပေးခဲ့ပါတယ်။
ထိုကဲ့သို့ ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေ တိုးချဲ့လာခြင်းအားဖြင့် ပြည်တွင်းငွေပေးချေမှုလုပ်ငန်းတွေ မှာ နည်းပညာအထောက်အကူဖြင့် ပိုမိုမြန်
ဆန်စွာဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
OK$ အနေနဲ့ လက်ရှိမှာမှာ လျှပ်စစ်မီတာခပေး
ဆောင်ခြင်း ပြည်တွင်းစားသောက်ကုန်လုပ်ငန်းတွေ
ရဲ့ ငွေပေး ချေမှုတွေမှာ ဝန်ဆောင်မှုပေးခြင်း ကုန်
ပစ္စည်းတွေဝယ်ယူရာမှာလည်း ကြားခံငွေပေးချေရေးဝန်
ဆောင်မှုတွေကို ဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။
Credit: SFJ Strategy First