ကမ္ဘာ့ အိမ်ခြံမြေဈေးကွက်အတွင်း အများဆုံးထည့်ဝင်ရင်းနှီးမြှုပ်နှံနေကြတဲ့ အာရှဒေသတွင်းနိုင်ငံတွေထဲမှာတော့ တရုတ်နဲ့ စင်ကာပူတို့က ထိပ်ဆုံးကနေ ဦးဆောင်နေလျက်ရှိတယ်လို့ သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။
စင်ကာပူ အခြေစိုက် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်တွေ၊ အိမ်ခြံမြေကုမ္ပဏီတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ ကမ္ဘာ့အိမ်ခြံမြေလုပ်ငန်းထဲမှာ အမေရိကန်ဒေါ်လာ ၆ဒသမ ၈ ဘီလီယံထိ ရင်းနှီးမြှုပ်နှံခဲ့ပြီး ယခင်နှစ်က
ထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
ယင်းအတွက်ကြောင့်လည်း စင်ကာပူဟာဆိုရင် ယခုနှစ်ပထမနှစ်ဝက်မှာ တရုတ်ပြီးရင် အာရှဒေသတွင်းက ဒုတိယမြောက်အကြီးဆုံးသော ပြည်ပအိမ်ခြံမြေဈေးကွက်တွင်း ရင်းနှီးမြှုပ်နှံသူ ဖြစ်လာ
ခဲ့ကြောင်း CBRE က ထုတ်ပြန်ဖော်ပြပါတယ်။
တရုတ်တို့အတွက်ကတော့ ယခုနှစ်ပထမနှစ်ဝက်မှာ နိုင်ငံရပ်ခြား အိမ်ခြံမြေဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၂၅ ဒသမ ၆ ဘီလီယံ ရှိခဲ့ပြီး ယခင် ၂၀၁၆ အလားတူကာလက ဒေါ်လာ ၁၀
ဒသမ ၁ ဘီလီယံနဲ့ယှဉ်ရင် နှစ်ဆကျော် ပိုများလာနေခဲ့တာဖြစ်ပါတယ်။
ယခုနှစ်ပထမနှစ်ဝက်အတွင်း စင်ကာပူရဲ့ ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ခဲ့တဲ့နိုင်ငံတွေထဲမှာတော့ အမေရိကန်မှာ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ၊ တရုတ်က ဒေါ်လာမှာ ဒေါ်လာ
၁ ဒသမ ၂ ဘီလီယံနဲ့ သြစတြေးလျမှာ ဒေါ်လာ ၆၃၅ သန်းတို့ ပါဝင်နေတယ်လို့လည်း သိရပါတယ်။
Credit: SFJ Strategy First