ရွှေ၊ ကျောက်မျက်ရတနာ နှင့် သတ္တု စင်တာ တည်ဆောက်မည်

ရွှေ၊ ကျောက်မျက်ရတနာ နှင့် သတ္တု စင်တာ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
6 Sep 2017 9:31 am တွင် တင်ခဲ့သည်
2191 ကြိမ် ကြည့်ရှု့ပြီး
ပြည်ပသို့ တရားဝင် ရောင်းဝယ်ဖောက်ကားနိုင်သော ရွှေ၊ ကျောက်မျက်ရတ နာ နှင့် သတ္တု စင်တာကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် စတင် တည်ဆောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ စင်တာကို မင်္ဂလာဒုံမြို့နယ်အတွင်းရှိ မြေဧက ၇၀ မှ ဧက ၁၀၀ ကြားရှိသော နေရာတခုတွင် တည်ဆောက်မည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် နီးကပ်သည့် နေရာဖြစ်ရာ မြေနေရာချထားပေးမှု၊ လုံခြုံရေးချထားမှုစသည့် ကိစ္စများအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ေ ဆွးနွေးတိုင်ပင်နေကြောင်း မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဟန်က ရှင်းပြသည်။

သတ္တုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဟန်က “မင်္ဂလာဒုံမှာ တည်ဆောက်နေစဉ် ယာယီအနေနဲ့ ၆ မိုင် အနီး ဝန်းကျင်မှာ ဖော်ဆောင် မှာဖြစ်တယ်။ နိုင်ငံတကာအဆင့်မီ ရွှေ၊ ချောက်မျက်အချောထည် နဲ့ ရွှေ နဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေ သတ္တုတွေကို ရောင်းဝယ်တဲ့ ဈေး ကွက်လုပ်ဖို့ ဖြစ်ပါတယ်’’ဟု ပြောသည်။

ရွှေ၊ ကျောက်မျက်ရတနာ နှင့် သတ္တု စင်တာများကို ရန်ကုန်မြို့ အပါအ ဝင် နေပြည်တော်နှင့် မန္တလေးတို့တွင်လည်း တည်ဆောက်သွားမည် ဖြစ်ပြီး စီမံကိန်းကာလမှာ ၁ နှစ်မှ ၂ နှစ်အတွင်းဖြစ်ကြောင်း၊ ဈေးကွက်ပေါ်ပေါက် ရန်အတွက် ရန်ကုန် မင်္ဂလာဒုံမြို့နယ်တွင် စင်တာတည်ဆောက်နေစဉ်အ တွင်း ယာယီအဖြစ် လိုင်မြို့နယ်ရှိ ၆ မိုင် အနီးဝန်းကျင်၌ ဖော်ဆောင် မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျောက်မျက်ရတနာ အချောထည် စက်ရုံများ ပေါ်ပေါက်ပြီး အလုပ် အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်း၊ နယ်စပ်မှ မှောင်ခိုသွားနေေ သာ ရွှေ၊ ကျောက်မျက်ရတနာနှင့် သတ္တုများမှာလည်း တရားဝင်လမ်းေ ကြာင်း ပေါ် ရောက်ရှိလာခြင်း၊ အရောင်းအဝယ်ပြုလုပ်သည့် ပမာဏ အတိ အကျ သိရှိမည် ဖြစ်ပြီး တိုင်းပြည်အတွက်လည်း အခွန်များ ရရှိလာနိုင်မည်ဟု ဦးခင်မောင်ဟန်က သုံးသပ်သည်။

ဈေးကွက်ဖြစ်မြောက်ရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့မှ ဦးေ ဆာင်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ၊ မြန်မာနိုင် ငံတော် ဗဟိုဘဏ်နှင့် အခြားဆက်စပ်နေသည့် ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ သတ္တုလုပ်ငန်း ရှင်များအသင်း နှင့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းတို့ မှ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက နဝမအကြိမ်မြောက် ဒုသမ္မတနှင့် မြန်မာ့လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေး ပွဲတွင် ‘‘၂၄ နာရီနဲ့ တနှစ်ပတ် လုံးရောင်း ဝယ်နိုင်တဲ့ ရွှေနဲ့ ကျောက် မျက်ရောင်းဝယ်ရေး စင်တာတွေ ဖွင့်လှစ်ဖို့ သက်ဆိုင်ရာ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းထားပါတယ်။ ဒါကြောင့် ရောင်းကြ၊ ဝယ်ကြမယ်။ ဒီကထုတ်လုပ်မယ်။ ဒီမှာပဲ အခွန်ဆောင်မယ်။ နိုင်ငံခြားပဲ ပို့ပို့ ပြည်တွင်းမှာပဲ ရောင်းရောင်း။ ဒီနည်းတူ ဆက်စပ် နေတဲ့ လက်မှု လုပ်ငန်းတွေ အခြားဝန်ဆောင်မှု လုပ် ငန်းတွေဒီမှာပဲ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မယ်။ ဒါမှမြန်မာနိုင်ငံ ဈေး ကွက် ဆိုတာ ပေါ်လာမယ်။ ကုန်ပစ္စည်းတွေ ကလဲ တန်ဖိုးရှိလာမှာ ဖြစ် တယ်’’ဟု ပြောကြားထားသည်။

ယင်းဈေးကွက်အတွင်းသို့ ပြည်ပနိုင်ငံပေါင်း ၃၀ ဝန်းကျင်မှ ရင်းနှီးမြှုပ်နှံမှုပြု လုပ်ရန် စိတ်ဝင်စားလျက်ရှိပြီး ရွှေဈေးကွက်၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ရှန် ဟိုင်း ရွှေစတော့အိတ်ချိန်း၊ အမေရိကန် ရွှေစတော့အိတ်ချိန်းတို့နှင့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ထားကာ စင်ကာပူ Gold Market Association နှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားကြောင်း ရွှေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

Credit: Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service