နွယ်သာကီတန်ဖိုးနည်းအိမ်ရာကို ငွေပေးချေရာမှာ ၁၀၀ ရာခိုင်နှုန်းပေးချေပါ က ၁၇ ရာခိုင်နှုန်း ဒစ်စကောင့်ရရှိမှာဖြစ်ပြီး အရစ်ကျလည်း ၀ယ်ယူနိုင်တယ် လို့သိရပါတယ်။
အဲသည်ပရောဂျပ်ဟာ ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်ကုန်မှာ ပြီးစီး မှာဖြစ်တယ်လို့ သိရပါတယ်။ အထပ်ပေါင်းခြောက်ထပ်ရှိမှာဖြစ်ပြီး တစ်လွှာ မှာ နှစ်ခန်းပါဝင်တယ်လို့ သိရပါတယ်။ အခန်းအကျယ်အ၀န်း မှာ ၁၂.၆ ပေ × ၄၂ ပေ ဖြစ်တယ်လို့ သိရပါတယ်။ အခန်းဈေးနှုန်းတွေက ပထမထပ် သိန်း ၇၀၀၊ ဒုတိယထပ် သိန်း ၆၀၀၊ တတိယထပ် သိန်း ၅၅၀၊ စတုတ္ထထပ်သိန်း ၅၀၀၊ ပဉ္စမထပ် သိန်း ၄၅၀ ဖြစ်တယ်လို့ သိရပါတယ်။
ပရောဂျက်ကို Three Friends Construction Design အဖွဲ့က ဒီဇိုင်းဆွဲပြီး Three Friends Construction က ဆောက်လုပ်နေခြင်းဖြစ်တယ်လို့ သိရပါ တယ်။
ကားပါကင်ကို မြေညီထပ်မှာ ထားရှိမှာဖြစ်ပြီး Pile Foundation ကိုယ်ပိုင်မီ တာ၊ ကိုယ်ပိုင်မော်တာ စတဲ့ Facilities တွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါ တယ်။
အဲသည်အိမ်ရာဟာ အမှတ် ၂၉ ရပ်ကွက်၊ မန္တလေးလမ်းမကြီးနဲ့ နွယ်သာကီ လမ်းထောင့်၊ မြောက်ဒဂုံမြို့နယ်မှာ ဆောက်လုပ်နေတာဖြစ်တယ်လို့သိရပါတယ်။
Credit: The Kumudra