မန္တလေးမြို့ ကမ်းနားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ကျူးကျော်နေထိုင်သူတွေကို စစ်ဆေးမှတ်တမ်းတင်တာတွေ ပြုလုပ်နေတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက သိရပါတယ်။
ကမ်းနားလမ်းအဆင့်မြှင့်တင်းရေး စီမံကိန်းဆောင်ရွက်ဖို့အတွက် လမ်းလယ်ကျွန်းမှာ နေထိုင်တဲ့ ကျူးကျော်နေထိုင်သူတွေကို အခုလ ၂ ရက်က စစ်ဆေးမှတ်တမ်းတင်တာတွေ ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
ကမ်းနားလမ်းတစ်လျှောက် ရှမ်းလေးကျွန်းအထိ ဆောင်ရွက်မယ် ၊ လောလောဆယ်တော့ ဧရိယာပိုင်းပြီ လုပ်နေတယ် ‘ လို့မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီက ကျူးရှင်းလင်းရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကမ်းနားလမ်း။ လမ်းလယ်ကျွန်းမှာ ကျူးကျော်နေထိုင်သူတွေကို အငှါးအိမ်ရာ ၊ ဧရာထွန်းဈေးအနီးမှာ နေရာပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ် ။
‘ အငှါးအိမ်ရာ အခန်းပေးပြန်တော့ သိန်း ၄၀၊ ၅၀ နဲ့ရောင်းပြီး ကမ်းနားလမ်းဘေးပြန်လာနေတာ ‘ လိုမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ၊ ကျူးရှင်းလင်းရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
Credit: Kumudra