စက်တင်ဘာ ၄ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၃၃၈ ဒေါ်လာအထိ ခုန်တက် ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၇၅၀၀ အထိ စံချိန်တင် ထပ်မံမြင့်တက်ခဲ့ သည်။ ကမ္ဘာ့ရွှေဈေးသည် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား စမ်းသပ် မှုပြုလုပ်မှုကြောင့် ဒေါ်လာ ၁၀ ဂဏန်းခုန်တက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၇ ရက်နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး သြဂုတ် ၁၀ ရက်တွင် ကျပ် ၉၁၂၈၀၀ အထိပြန်ရောက်ခဲ့ သည်။ ထို့နောက် ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအြ ဖစ် သြဂုတ် ၁၁ ရက်တွင် ကျပ် ၉၁၄၂၀၀၊ သြဂုတ် ၁၂ ရက်တွင် ကျပ် ၉၁၅၄၀၀၊ သြဂုတ် ၁၇ ရက်တွင် ကျပ် ၉၁၆၆၀၀၊ သြဂုတ် ၁၈ ရက်တွင် ကျပ် ၉၁၉၈၀၀၊ သြဂုတ် ၂၃ ရက်တွင် ကျပ် ၉၂၁၉၀၀၊ သြဂုတ် ၂၄ ရက်တွင် ကျပ် ၉၁၃၃၀၀၊ သြဂုတ် ၂၆ ရက်တွင် ကျပ် ၉၂၄၃၀၀၊ သြဂုတ် ၂၇ ရက်တွင် ကျပ် ၉၂၄၄၀၀၊ သြဂုတ် ၂၈ ရက်တွင် ကျပ် ၉၂၉၅၀၀၊ သြဂုတ် ၂၉ ရက်တွင် ကျပ် ၉၄၅၈၀၀၊ စက်တင်ဘာ ၄ ရက်တွင် ကျပ် ၉၄၇၅၀၀ အထိဆက်တိုက်ဖြစ်ေ ပ်ါခဲ့သည်။
ပြီးခဲ့သည့်လများက ရွှေဈေးကို ပြန်ကြည့်ပါက ဇွန်လအတွင်း ပြည်တွင်းရွှေေ ဈး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၀၀၆၀၀ (ဇွန် ၃၀ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၁၃၄၀၀ (ဇွန် ၇ ရက်)၊ ဇူလိုင်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှု န်း ကျပ် ၈၈၉၃၀၀ (ဇူလိုင် ၄ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၀၇၁၀၀ (ဇူလိုင် ၂၉ ရက်) တို့ဖြစ်သည်။
ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ၂၀၁၆ ခုနှစ် အောက်တိုဘာနောက်ပိုင်း သြဂုတ် ၂၈ ရက်တွင် ပထမဦးဆုံးအကြိမ် ဒေါ်လာ ၁၃၀၀ ကိုကျော်လွန်ခြဲ့ ခင်းဖြစ်ပြီး စက်တင်ဘာ ၄ ရက်၌ တစ်ရက်အတွင်း ဒေါ်လာ ၁၀ ဂဏန်း ခုန်တက်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ရွှေဈေးနှုန်းသည် ဧပြီလမှစ၍ အတက်အဆင်းကြမ်းလျက်ရှိပြီး လတစ် လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၄၀ ခန့်မှ ဒေါ်လာ ၈၀ ခန့်အထိ ကွာခြားလျက်ရှိသည်။ ဇူလိုင်လအတွင်း အမြင့်ဆုံးနှုန်းမှာ ၁၂၆၈ေ ဒ်ါလာဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ၁၂၀၅ ဒေါ်လာဖြစ်ခြင်းကြောင့် ၆၃ ဒေါ်လာ ၀န်းကျင် ကွာဟခဲ့သည်။ သြဂုတ်လအတွင်းတွင်လည်း အနိမ့်ဆုံးနှုန်းမှာ ၁၂၅၈ ဒေါ်လာဖြစ်ပြီး အမြင့်ဆုံးနှုန်းမှာ ၁၃၂၅ ဒေါ်လာဖြစ်ခြင်းကြောင့် ၆၇ ဒေါ်လာ အတက်အကျဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ် ၂ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် ၁၂၇၁ ဒေါ်လာဝန်းကျင် ရှိပြီး သြဂုတ် ၄၊ ၇ ရက်တွင် ၁၂၅၈ ဒေါ်လာဝန်းကျင်အထိ ပြန်ကျခဲ့သည်။ သြဂုတ် ၈ ရက်တွင် ဒေါ်လာ ၁၂၆၀ ၀န်းကျင်သို့ ပြန်တက်ခဲ့ပြီး ယင်းေ နာက်ပိုင်း သြဂုတ် ၉ ရက်တွင် ၁၂၆၈ ဒေါ်လာ၊ သြဂုတ် ၁၀ ရက်တွင် ၁၂၇၉ ဒေါ်လာ၊ သြဂုတ် ၁၁ ရက်တွင် ၁၂၈၉ ဒေါ်လာအထိ ဆက်တိုက်ြ မင့်တက်ခဲ့သည်။ ထို့နောက် သြဂုတ် ၁၄ ရက်တွင် ၁၂၈၁ ဒေါ်လာ၊ သြဂုတ် ၁၅ ရက်တွင် ၁၂၇၄ ဒေါ်လာ၊ သြဂုတ် ၁၆ ရက်တွင် ၁၂၆၉ ဒေါ်လာဝန်း ကျင်သို့ ပြန်လည်ကျဆင်းပြီး သြဂုတ် ၁၇ ရက်တွင် ၁၂၈၈ ဒေါ်လာ၊ သြဂုတ် ၁၈ ရက်တွင် ၁၂၉၈ ဒေါ်လာအထိ ခုန်တက်ခဲ့သည်။ သြဂုတ် ၂၁ ရက် တွင် ဒေါ်လာ ၁၂၉၀၊ သြဂုတ် ၂၂ ရက်တွင် ၁၂၈၅ ဒေါ်လာ၊ သြဂုတ် ၂၃ ရက်တွင် ၁၂၈၇ ဒေါ်လာအထိပြန်ကျခဲ့ပြီး သြဂုတ် ၂၄ ရက်တွင် ၁၂၉၁ ဒေါ် လာ၊ သြဂုတ် ၂၅ ရက်တွင် ၁၂၉၂ ဒေါ်လာ၊ သြဂုတ် ၂၈ ရက်တွင် ၁၃၀၉ ဒေါ်လာ၊ သြဂုတ် ၂၉ ရက်တွင် ၁၃၂၅ ဒေါ်လာ ၀န်းကျင်အထိ ရော က်ရှိခဲ့သည်။ သြဂုတ် ၃၁ ရက်တွင် ၁၃၀၃ ဒေါ်လာအထိ ပြန်ကျခဲ့သော် လည်း မွန်းလွဲပိုင်းတွင် ၁၃၁၆ ဒေါ်လာအထိပြန်တက်ခဲ့ပြီး စက်တင်ဘာ ၁ ရက်တွင် ၁၃၂၄ ဒေါ်လာအထိ၊ စက်တင်ဘာ ၄ ရက်တွင် ၁၃၃၇ ဒေါ်လာ အထိ ရောက်ရှိလာခြင်းဖြစ်သည်။
Credit: Eleven Media Group