ပြည်တွင်းစတော့ဈေးကွက် စတင်ခဲ့တာတစ်နှစ်ကျော်လာသော်လည်း အားရမှုမရှိသေးဘူးလို့ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်း
ထံကသိရပါတယ်။
ကမ္ဘောဇလုပ်ငန်း Managing Director ဦးမိုးဆန်းအောင်က “ စတော့ဈေးကွက်သွားဖို့က proper listed ကုမ္ပ ဏီရှိမှ Good Governance ရှိတဲ့ အများပိုင်လုပ်ငန်းမျိုးမှ၊ နောက်တစ်ချက်မှာ မြန်မာနိုင်ငံမှာစာရင်းသေ
အပ်ရင် တစ်နှစ်ဘဏ်တိုးနှုန်းက ၉ ရာခိုင်နှုန်းလောက်
ရနေတာ၊ ဘဏ်မှာထားရင်အတိုးသေချာတယ်၊ စတော့
မှာမသေ ခြာဘူး”လို့ ပြောပါတယ်။
ဒါ့အပြင်ရောင်းဝယ်တဲ့အပေါ်မှာအခွန်ကရှိနေသေပြီးပြည်တွင်းရင်းနှီးမြုပ်နှံ
မှုဈေးကွက်ထဲမှာ ရွှေကစတော့ ထက် လူစိတ်ဝင်စားမှုများတယ်လို့လည်း သိရပါတယ်။
ရွှေဆိုင်လုပ်ငန်းရှင်ဦးဇော်အောင်က “ စတော့ဈေးကွက်ပေါ်ရင် ရွှေကစားတဲ့သူတွေ အဲဘက်ရောက်သွားမလား စိုးရိမ်မိခဲ့ပေမယ့် နောက်ပိုင်းစတော့ကအရှုံးတွေများတယ်၊ ဘဏ်မှာလည်းအကောင့်တွေ
ဘာတွေဖွင့်ရတယ်၊ ရှုံး မှန်းမြတ်မှန်းလည်းမသိတော့ အဲဈေးကွက်သိပ်မသွားကြတော့ဘူး”လို့ပြောပါတယ်။
ဘဏ်စာရင်းတွေနဲ့အရောင်းအဝယ်လုပ်တဲ့အပေါ် မိမိရဲဝင်ငွေထွက်ငွေနဲ့ အရောင်းအဝယ်ဖြစ်မှုတွေကို အလွယ် တကူသိမြင့်နိုင်တဲ့အပေါ်မှာ ဈေးကစားသူတွေက အခွန်စနစ်တွေများလာမှာကိုလည်း စိုးရိမ်
စိတ်တွေရှိနေကြ တယ်လို့သိရပါတယ်။
Max Myanmar လုပ်ငန်းစုဒါရိုက်တာဦးအောင်မျိုးစောက “အဓိက YSX က Mature ဖြစ်ဖို့အများကြီးလိုပါ တယ်။ လူတိုင်းက YSX ဖွင့်လိုက်တာပဲရှိတယ်၊
လူတိုင်းကစတော့အိတ်ချိန်းရဲ့သဘောသဘာဝကိုအသေအချာနားမလည်ကြသေးဘူး၊ အကျွမ်းတဝင်မဖြစ်သေးဘူး” လို့ပြောပါတယ်။
ပြည်တွင်းရဲ့စတော့ဝယ်ရောင်းအတွက်စတော့အိတ်ချိန်းရုံးကို
သွားရောက်နေပြီး အွန်လိုင်းတွေကနေ အလွယ် တကူဝယ်ယူနိုင်ပါက စတော့ဈေး ကွက်အပေါ်လူထုစိတ်ဝင်စားမှုပိုလာမယ်လို့လည်း
ပြည်တွင်းစီးပွားရေးလုပ် ငန်းရှင်အသိုင်းအဝိုင်းကပြောဆိုပါတယ်။
ရန်ကုန်စတော့အိတ်စ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာမှာစတင်ဖွင့်လှစ်ခဲ့သော်
လည်း အခုနောက်ပိုင်းစတော့ရှယ်ယာ ဈေးတွေအေးနေပြီး အရောင်းအဝယ်ပေါ် လူထုစိတ်ဝင်စားမှုတဖြည်းဖြည်းလျော့နည်း
လာနေတယ်လို့လည်း သိရပါတယ်။
Credit: SFJ Strategy First