တန်ဖိုး နည်းအိမ်ရာဝယ်ယူသူများအနက် ဘဏ်သို့လစဉ်ချေးငွေပြန်သွင်း ရန်ပျက်ကွက်သူများနေသဖြင့် နောက်ကျဒဏ်ကြေးကိုတိုးမြှင့် ကောက်ခံမည်ဟု CHD Bank မှ သိရသည်။
လက်ရှိတွင်လည်း တန်ဖိုးနည်းအိမ်ရာဝယ်ယူရန် ချေးငွေ ထုတ်ချေးပေးထားသူနှင့် ထပ်မံ ချေးပေးရမည့်သူ ၁ဝဝဝ ဝန်းကျင် ခန့်ရှိကြောင်း လက်ရှိငွေထုတ် ချေးထားသူများအနက် ပြန်လည် ပေးဆပ်ရန်ပျက်ကွက်ဦးရေသည် လစဉ်များပြားလာသဖြင့် ဘဏ်မှသတ်မှတ်ထားသည့် လစဉ် လဆန်းငါးရက်အတွင်း ချေးငွေ မသွင်းသူများကို ဒဏ်ကြေးကျပ် ၅ဝဝဝ နှင့် ပေးသွင်းရမည့်ငွေ အပေါ်မူတည်ကာ ငွေပေးသွင်း ရန်နောက်ကျသည့် ရက်အလိုက် အတိုးနှုန်းကိုပါကောက်ခံသွား မည်ဖြစ်ကြောင်း CHD Bank ၏ Assistant Manager ဦးလှမျိုး တင့်က ပြောသည်။
''လက်ရှိက ပြန်ဆပ်ငွေကို လစဉ်လဆန်း၅ရက်အတွင်းမှာ ကောက်တယ်။ လဆန်း၅ရက် ကျော်ရင်တော့ ကျွန်တော်တို့က နောက်ကြကြေးအဖြစ် တစ်ရက်စာအတိုးပေါ့။ ဘဏ်တိုးကို ၃၆၅ ရက်နဲ့စားပြီး တစ်ရက်စာအတိုး သုည ဒသမ ဝ၄ ရာခိုင်နှုန်းကိုပဲ ကောက်တယ်။ အဲဒီတော့ ကျွန် တော်တို့အတွေ့အကြုံအရ ပျက် ကွက်တဲ့သူကများတယ်။ ဘာ ကြောင့်လဲဆိုတော့ သူပျက်ကွက် လို့ရှိရင် တစ်ရက်နောက်ကျမှ ကျပ် ၅ဝ ပဲဒဏ်ကြေးပေးရတာပေါ့။ အဲ ဒီတော့ သူတို့ကအလွယ်တကူပျက် ကွက်နေကြတယ်''ဟု CHD Bank ၏ Assistant Manager ဦးလှမျိုးတင့်က ဒီမိုကရေစီတူဒေးသို့ စက်တင်ဘာ ၃ ရက်ကပြောသည်။
ယင်းကြောင့် ချေးငွေပြန်လည် ပေးချေသူများအာရုံစိုက်စေရန် တစ်ကြိမ်ပျက်ကွက်ပါက ကျပ် ၅ဝဝဝ နှင့် ရက်အလိုက်အတိုးနှုန်း ပေးရမည်ဟု ဒဏ်ကြေးကိုတိုးမြှင့် ရခြင်းဖြစ်ကြောင်း၊ မှန်ကန်စွာပေး ဆပ်စေလိုသည့် သဘောသာဖြစ် ပြီး အကျိုးအမြတ်ရလိုမှုမဟုတ် ကြောင်း ၎င်းက ပြောသည်။ ''စာချုပ်ပါစည်းကမ်းအတိုင်း ချေးငွေပေးသွင်းတာက လေးကြိမ်၊ လေးလ တစ်ဆက်တည်းပျက်ကွက် ရင်တော့ အခုချိန်ထိတော့မလုပ်ပါဘူး။ ဒါပေမဲ့ မလွဲမရှောင်သာတဲ့နည်းအရ သူကလည်းဘယ်လိုမှ ဆပ်နိုင်ခြေမရှိဘူးဆိုရင် စာချုပ်ပါစည်းကမ်းအရတော့ အိမ်ကနေ ဖယ်ပေးရမှာဖြစ်ပါတယ်။ လက်ရှိမှာ ပြန်သွင်းငွေက သတ်မှတ်ရက် ထက်နောက်ကျတာက အခုချိန်မှာ အယောက် ၄ဝ ဝန်းကျင်လောက် ရှိတယ်''ဟု ဦးလှမျိုးတင့်က ပြောသည်။
အကြောင်းအမျိုးမျိုးပြပြီး ပျက်ကွက်မှုအတွက်အများနှင့်ပြု လုပ်ရခြင်းကြောင့် ဖြေလျှော့ပေး ရန်မရှိကြောင်း၊ သို့သော် အကျိုးအကြောင်းခိုင်လုံပြီး သက်ဆိုင်ရာ လူကြီးများကဖြေလျှော့ပေးရန် သင့်သည်ဆိုပါက မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဘဏ်တို့ ပူးပေါင်း၍ ဖြေလျှော့ပေးမည်ဖြစ် ကြောင်း သိရသည်။
Credit: Democracytoday