ရန်ကုန်မြို့ ပြနှင့် ပတ်ဝန်းကျင်ဒေသဖွံ့ဖြိုးရေးအတွက် အရန်မြို့ခြောက်နေ ရာ ဖော်ဆောင်ရန် လျာထားကြောင်း သိရသည်။ရန်ကုန်မြို့ပြနှင့် ပတ်ဝန်း ကျင် ဒေသဖွံ့ဖြိုးရေးအတွက် ထောက်ကြန့်အရန်မြို့၊ ရွှေလင်ပန်းအရန် မြို့၊ ပန်းလှိုင်အရန်မြို့၊ တောင်ပိုင်းအရန်မြို့၊ ဒဂုံ(အရှေ့)အရန်မြို့နှင့် သီလဝါ အရန်မြို့ဟူ၍ Town Plan ရေးဆွဲထားကြောင်း သိရသည်။
မြို့ပြဧရိယာ တိုးချဲ့လာနိုင်ဖွယ်ရှိသော မြို့နယ် ၈၀ မှ ၁၀၀ ကြားတို့ကိုလည်း Town Plan များ ကြိုတင်ရေးဆွဲ ထားပြီးဖြစ်ကြောင်း သိရသည်။
"မြို့ပြ Town Plan လို့ ခေါ် တာပေါ့။ အဲ့ဒါကိုဆွဲတာဖြစ်ပါတယ်။ တစ်နိုင်ငံ လုံးက မြို့နယ်တွေအတွက်ကို ဆွဲပေးတာဖြစ်ပါတယ်။ ဆွဲထားတာ စုစုပေါင်း မြို့နယ် ၈၀ ကနေ ၁၀၀ ကြားလော က်ရှိပါတယ်။ ရန် ကုန်ဆိုလည်း ရန် ကုန်အတွက်က ခြောက်ခုပါတာပေါ့။ နောင်တစ်ချိန် မြို့နယ်တိုးချဲ့တဲ့အခါ ဒီနေရာတွေက ဖွံ့ဖြိုးရေးလုပ်လို့ ရတယ်ဆိုတာကို ကြိုတင် Town Plan ဆွဲပေးတာ " ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားေ ရးမှူး ချုပ်ဦးမောင်မောင်လွင်က စက် တင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့ အိုး အိမ် ရုံးဟောင်းတွင် ပြုလုပ်သည့် တန်ဖိုးနည်းအိမ်ရာ ရောင်းချပွဲတွင် ပြော သည်။
ထိုသို့ Town Plan ကြိုတင် ရေးဆွဲရခြင်းမှာ ကျေးရွာနှင့်မြို့ပြ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရန် နှင့် အိမ်ရာများ ဖွံ့ဖြိုးရန်အတွက် အဓိက လုပ်ဆောင်ခြင်း
ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ်ဦး မောင် မောင်လွင်က ဆိုသည်။
ရန်ကုန်မြို့ဖွံ့ဖြိုးရေးနည်းဗျူ ဟာများအဖြစ် ရန်ကုန်မြို့ပတ်ဝန်းကျင် အရန်
မြို့သစ်များဖွံ့ဖြိုးရေး၊ ရန်ကုန်တောင်ပိုင်း New CBD (ဒလ)မြို့ပြဖွံ့ဖြိုးရေး၊ မြို့ပြ ပြန်လည် အဆင့်မြင့်တင်ရေး၊ မြို့ပြဖွံ့ဖြိုးရေး နှင့် လူနေသိပ် သည်းမှု
မြှင့်တင်ရေး၊ သယ်ယူပို့ဆောင်ရေးဗဟိုပြု မြို့ပြ ဖွံ့ဖြိုးမှု၊ မြို့တွင်းပတ်လမ်း၊ မြို့ပြင် ပတ်လမ်း၊ အခြေခံအဆောက်အအုံ အဆင့်မြှင့်တင်ရေးနှင့်ဖွံ့ဖြိုးရေး၊ အထူးစီးပွားရေး ဇုန်နှင့်စက်မှုဥယျာဉ် မြို့ပြဖွံ့ဖြိုးရေး၊ မြို့ပြနယ်နိမိတ်အတွင်း မြို့ပြဖွံ့ဖြိုးမှု အားပေးသည့် ဧရိယာ၊ မြို့ပြဖွံ့ဖြိုးမှုထိန်းချုပ်သည့် ဧရိယာများ သတ်မှတ်ခြင်း၊ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသည့် မြို့ပြဖွံ့ဖြိုးရေး မြို့ပြစီ မံခန့်ခွဲအုပ်ချုပ်မှုစနစ်တို့ ပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့အနေဖြင့်လည်း မြို့ပြဖွံ့ဖြိုးေ ရးစီမံကိန်းတွင် အရှေ့ ဒဂုံမြို့သစ်စီမံကိန်း၊ တွံတေးမြို့သစ် စီမံကိန်း၊ သန် လျင်မြို့သစ်စီမံကိန်း၊ ထန်းတပင်မြို့သစ်စီမံကိန်း၊ မှော်ဘီ မြို့သစ်စီမံကိန်း၊ လှည်းကူးမြို့သစ် စီမံကိန်းများနှင့် အခြားအခြေခံအ ဆောက်အ အုံဖွံ့ဖြိုးေ ရးစီမံကိန်းများ ကိုလည်း ဦးစားပေးဆောင်ရွက် ရွက်ရန်လျာထားလျက် ရှိကြောင်း သိရသည်။
Credit: Democracy Today