ဟောင်ကောင်တွင် အိမ်ခြံမြေဈေးကွက် စတင်အေးစက်လာနေပြီဖြစ်သော်လည်း တရုတ်ပြည်မကြီး ကွမ်ကျိုးအခြေစိုက် Yuexiu Property ၏ ဟောင်ကောင်ကုမ္ပဏီခွဲက ဟောင်ကောင်ဒေါ်လာ သန်း ၈၂၀ဖြင့်ဝယ်ယူလိုက်ကြောင်းရှန်ဟိုင်းအခြေစိုက်
အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဟောင်ကောင်အိတ်ချိန်းတွင် ကြေညာချက်တစ်ရပ်အရ ဟောင်ကောင်စာရင်းဝင် Grand Ming Group သည်
ဟောင်ကောင်မြို့ လယ် ကိုလုန်းအရပ်ရှိ စတုရန်းပေ ၃၉၄၂၀ ကျယ်ဝန်းသော အဆောက်အအုံကြီးကို ဝယ်ယူလိုက်ကြောင်း ဖော်ပြထားသည်။
Grand Ming Group သည် ဟောင်ကောင်အိတ်ချိန်းတွင် ၂၀၁၃ ခုနှစ်အတွင်း စတင်စာရင်းဝင်ခဲ့ပြီး ဟောင်ကောင်ရှိ အဆောက်အအုံ တစ်ခုကို ဝယ်ယူထားခဲ့သည်မှာ တစ်နှစ်ခန့်သာ ရှိသေးသည်။
Prince Edward အနောက်လမ်း ၊ အမှတ် ၂၇၉ ရှိ အဆောက်အအုံမှာ အခန်း ၁၈ ခန်းပါဝင်ပြီး စတုရန်းပေ ၁၃၀၀ မှ ၂၇၀၀ အကြား အကျယ်အဝန်းရှိကြကာ Prince Edward MTR station ၏ အရှေ့ ဘက် ၁ ဒသမ ၃ ကီလိုမီတာသာ ဝေးကွာသည်။
“ဤအဆောက်အအုံကို ဝယ်ယူလိုက်နိုင်ခြင်းသည် ကုမ္ပဏီအတွက် အရည်အသွေးမြင့် အဆောက်အအုံ ပိုင်ဆိုင်လာနိုင်မည့် အကောင်းဆုံးအခွင့်အလမ်းတစ်ရပ်ဖြစ်သည်။
ယခုအဆောက်အအုံမှာ ကိုလုန်း၏ ဇိမ်ခံတန်ဖိုးကြီးလူနေရပ်ကွက်တွင် တည်ရှိပြီး နာမည်ကျော် မူလတန်း၊ အလယ်တန်းကျောင်းများ အနီးတွင်လည်း တည်ရှိသည်” ဟု Grand Ming ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။
ယခုအဆောက်အအုံတည်ရှိသည့်နေရာမှာ ရေမြေခြားမှ ရွှေ့ပြောင်းနေထိုင်သူတို့ အခြေစိုက်ကြရာဒေသဖြစ်ခဲ့ပြီး ပညာရေး အင်စတီကျူးရှင်းများ အခြေစိုက်ကြရာဖြစ်ပြီး စတန်းဖို့ဒ်အမေရိကန်ကျောင်းတစ်ခုလည်း ယခုလအတွင်း ဖွင့်လှစ်သွားရန် စီစဉ်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)