တရုတ်ပြည် မြို့ ကြီး ၁၃ မြို့ တွင် လယ်သမားများပိုင်ဆိုင်သည့် မြေယာများကို အငှားလူနေအိမ်ရာများဆောက်လုပ်ရန် အခြားနည်းဖြင့် ပြောင်းလဲအသုံးပြုခွင့် ပထမဆုံးအကြိမ်ပေးအပ်

တရုတ်ပြည် မြို့ ကြီး ၁၃ မြို့ တွင် လယ်သမားများပိုင်ဆိုင်သည့် မြေယာများကို အငှားလူနေအိမ်ရာများဆောက်လုပ်ရန် အခြားနည်းဖြင့် ပြောင်းလဲအသုံးပြုခွင့် ပထမဆုံးအကြိမ်ပေးအပ် - Property News in Myanmar from iMyanmarHouse.com
4 Sep 2017 11:24 am တွင် တင်ခဲ့သည်
1061 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံရှိ မြို့ ကြီးပေါင်း ၁၃ မြို့ တွင် လယ်သမားများပိုင်ဆိုင်သည့် မြေယာများကို အငှားလူနေအိမ်ရာများဆောက်လုပ်ရန် အခြားနည်းဖြင့် ပြောင်းလဲအသုံးပြုခွင့်ပေးအပ်လိုက်ပြီး တရုတ်နိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယခုခြေလှမ်းမှာ တရုတ်ပြည်အတွင်း အိမ်ခြံမြေဈေးနှုန်းများ တည်ငြိမ်မှုရှိစေရန်နှင့် အငှားဈေးကွက်ကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

မြေယာနှင့် အရင်းအမြစ်ဝန်ကြီးဌာန၊ အိုးအိမ်နှင့် မြို့ ပြ-ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး မြို့ပြအသွင်ပြောင်းလဲရေး စီမံကိန်းကြောင့် လူဦးရေစီးဝင်မှု များပြားသော ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုးနှင့် ဟန်ကျိုးမြို့ကြီးများတွင် ယခုစီမံကိန်းကို စတင်ခဲ့သည်။

“ဒီအစီအစဉ်က အဓိကရည်ရွယ်တာကတော့ မြို့ကြီးတွေမှာနေထိုင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ လူနေမှုပြဿနာကို ဖြေရှင်းပေးဖို့ပါ။

နိုင်ငံအလယ်ပိုင်းမြို့ကြီးတွေက ဆင်းရဲသားရပ်ကွက်၊ ဆင်ခြေဖုံးကျေးရွာတွေမှာနေထိုင်တဲ့ လူဦးရေ သန်း ၂၀၀၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ နေထိုင်ကြတဲ့ ၆ သန်းကနေ ၇ သန်းကြား လူဦးရေတွေကို ဦးတည်ပါတယ်” ဟု ရန်မင်တက္ကသိုလ်မှ ကျေးလက်မြေယာရေးရာလေ့လာသည့် ပါမောက္ခ တာအိုရန်က ပြောကြားသည်။

လာမည့် ၂၀၂၀ ပြည့်နှစ်တွင် မြို့ကြီးများသို့ အလုပ်အကိုင်ရရှိရန် ရွှေ့ပြောင်းလာကြမည့် ရွှေ့ပြောင်းလုပ်သားပေါင်း သန်း ၁၀၀ ခန့်ရှိလာမည်ဟု ခန့်မှန်းထားသည်။

တရုတ်နိုင်ငံ၏ မြေယာစနစ်ကို ကာလကြာရှည် လေ့လာခဲ့ကြသည့် ပညာရှင်များက ပြောကြားရာတွင် ယခုပြောင်းလဲမှုမှာ ပင်မမြေယာဈေးကွက်တွင် ကျေးလက်မြေယာများ ပါဝင်လာနိုင်ရေးအတွက် တံခါးဖွင့်ပေးလိုက်ခြင်းဖြစ်ပြီး ယခင်ကမူ မြေယာဈေးကွက်ကို နိုင်ငံတော်မှ တစ်ဦးတည်းချုပ်ကိုင်ထားသည့်ပုံစံ monopoly အသွင်ဖြင့် သွားခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။

ယခင်က ကျေးလက်မြေယာများကို အစိုးရက သိမ်းဆည်းခြင်းမဟုတ်လျှင် လယ်သမားတို့က developer တို့ထံ ရောင်းချခွင့်မရှိချေ။ယခုအခါတွင်မူ အဆိုပါအဟန့်အတား မရှိတော့ဟု ဆိုနိုင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

Shwe Moe Kaung
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service