ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်တံဆိပ်ခါင်းဖြင့် ရွေခွန်စကောက်သည့်အချိန်မှ ၂ လအတွင်း အခွန်ငွေကျပ်
သိန်း ၉ ထောင်ကျော်ရရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
'ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၀ မှ ရွှေထည်စ္စည်းများအပေါ် ရွှေထည်လက်ဝတ်ရတနာပြေစာ များနှင့် တံဆိပ်လက်ခံရရှိခြင်း၊ ထုတ်ပေးခြင်းနှင့် ကုန်သွယ်လုပ်ငန်းခွန်ကောက်ရာတွင် ဇွန်လတွင်
ကျပ် ၅၄၂၃၄၁၆၀၀၊ ဇူလိုင်တွင်ကျပ် ၃၈၉၆၆၁၃၀၀ ရရှိပြီး စုစုပေါင်းကျပ် ၉၃၂၀၀၂၉၀၀ ကို ကောက် ယူရရှိကြောင်းနှင့် လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတားမြို့နယ်များ၌ အခွန်ငွေ ပိုမိုကောက်ယူရရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
''အရင်တုန်းထဲက ရွှေတွေမှာ အခွန်ကောက်တာ။ အခုမှ ပိုပြီးပွင့်လင်း မြင်သာမှုရှိအောင် အခွန်ပြေစာတံဆိပ် ခေါင်းနဲ့ အခွန်ကောက်တာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးသိန်းဇော်က ပြောသည်။
ဇွန်လအတွင်း ရွှေအခွန်ကောက်ယူရရှိမှုစာရင်းကို ဇူလိုင်ပထမအပတ်တွင် လည်းကောင်း၊ ဇူလိုင်လအတွင်း အခွန်ကောက်ယူရရှိမှုကို သြဂုတ်ပထမအပတ်တွင်လည်းကောင်း စာရင်းချုပ်ရသည်ဖြစ်သည့်အတွက် သြဂုတ်လအတွင်း ရွှေခွန်ကောက်ယူမှုကိုစာရင်းကို စက်တင်ဘာလ ပထမအပတ်မှ စာရင်းချုပ်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
Credit: News Watch