စင်္ကာပူဒေါ်လာ မာလာမှုနှင့် တံဆိပ်ခေါင်းခွန်တို့ကြောင့် စင်္ကာပူအိမ်များအား နိုင်ငံခြားဝယ်လိုအား ငြိမ်သက်

စင်္ကာပူဒေါ်လာ မာလာမှုနှင့် တံဆိပ်ခေါင်းခွန်တို့ကြောင့် စင်္ကာပူအိမ်များအား နိုင်ငံခြားဝယ်လိုအား ငြိမ်သက် - Property News in Myanmar from iMyanmarHouse.com
4 Sep 2017 10:35 am တွင် တင်ခဲ့သည်
1168 ကြိမ် ကြည့်ရှု့ပြီး
စင်္ကာပူဒေါ်လာ ပိုမာလာမှုနှင့် ထပ်ဆောင်းဝယ်ယူသူများအတွက် တံဆိပ်ခေါင်းခွန်တို့ကြောင့် စင်္ကာပူနိုင်ငံရှိ အိမ်များအတွက် နိုင်ငံခြားဝယ်လိုအားသည်ငြိမ်နေခဲ့ကြောင်း၊ သို့သော်လည်း ဇူလိုင်လအထိ ၂၀၁၇ ခုနှစ် ပထမ ၇လတာအတွင်း ပုဂ္ဂလိကအိမ်ရောင်းအားသည် ယမန်နှစ် ပထမ ၇ လတာကထက်၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း TODAYonline ၏ ဖော်ပြချက်အရ သိရသည်။

Crushman & Wakefield ကုမ္ပဏီမှာ အချက်အလက်များက
နိုင်ငံခြားဝယ်လက်များ၏ အချိုးသည် ယမန်နှစ်အထိ လေးနှစ်ဆက် ကျဆင်းခဲ့ပြီးယခုနှစ်တွင်လည်း ထိုနှုန်းတွင် ရှိဆဲဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဇွန်လအထိ ၂၀၁၇ ပထမနှစ်ဝက်တွင် စုစုပေါင်းဝယ်ယူမှုများ၏ ၆ ရာခိုင်နှုန်းကို နိုင်ငံခြားဝယ်လက်များက ပြုလုပ်ခဲ့သည်။ ယင်းသည် အိမ်ဈေးများ စတင်ကျဆင်းခဲ့သည့် ၂၀၁၃ ခုနှစ် ပထမနှစ်ဝက်အောက် ၉ ရာခိုင်နှုန်း လျော့နည်းသည်။

တရုတ်နိုင်ငံသားများက နိုင်ငံခြားဝယ်လက်များတွင် အကြီးဆုံးအုပ်စုအဖြစ်
ပေါ်ထွက်ခဲ့သည်။ နှစ်စဉ် ၂၀၁၃ မှ ၂၀၁၇ တိုင် စုစုပေါင်းနိုင်ငံခြားဝယ်လက်များ၏
၂၉ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသားဝယ်လက်များဖြစ်ကြောင်း Crushman &
Wakefield ၏ အချက်အလက်များက ဖော်ပြခဲ့သည်။

မလေးရှားဝယ်လက်များ၏ အချိုးမှာမူ ၂၆ ရာခိုင်နှုန်းမှ ၂၁ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး အင်ဒိုနီးရှားဝယ်လက်များ၏ အချိုးကလည်း ၁၇ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းသို့ကျဆင်းခဲ့ကြောင်း သိရသည်။

"တရုတ်ဝယ်လက်တွေရဲ့ ၀ယ်ယူမှုက ပုံမှန်ဖြစ်နေပေမဲ့ စုစုပေါင်းနိုင်ငံခြား
ဝယ်ယူမှုက အကြောင်းတရားများစွာကြောင့် ကျဆင်းနေပါတယ်။ တင်းကျပ်တဲ့
တံဆိပ်ခေါင်းခွန်က မလေးရှားနဲ့ အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံသူတွေအတွက်
အဓိကအတားအဆီးတစ်ခုဖြစ်နေပြီး စင်္ကာပူဒေါ်လာ ပိုမာလာတာက ဒီမှာ
အိမ်ခြံမြေဈေးတွေကို နည်းနည်းတက်စေပါတယ်" ဟု အရှေ့တောင်အာရှနှင့်
စင်္ကာပူနိုင်ငံဆိုင်ရာ CBRE သုတေသနခေါင်းဆောင် ဒက်စ်မွန်ဆင်းမ်က
ပြောကြားခဲ့သည်။

Crushman & Wakefield ၏ စင်္ကာပူနိုင်ငံဆိုင်ရာ သုတေသနဒါရိုက်တာ
ခရစ္စတင်းလီကလည်း "ရှေ့ဆက်ပြီး တရုတ်ဝယ်လက်တွေဟာ ဟောင်ကောင်နဲ့သြစတြေးလျလိုမျိုး တခြားဈေးကွက်တွေမှာ ၀ယ်ယူမှု ပိုများလာပါလိမ့်မယ်။ဘာလို့လဲဆိုတော့ အဲ့ဒီနိုင်ငံတွေမှာက နိုင်ငံခြားသားတွေ အချိန်အတိုင်းအတာတစ်ခုအထိ နေထိုင်ပြီးရင် အမြဲတမ်းနေထိုင်ခွင့်ပေးတာကြောင့်ပဲ ဖြစ်တယ်" ဟုပြောကြားခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

CarsDB Showroom Opening
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service