MPU ကတ်သုံးစွဲရာတွင် ပြဿနာကြုံတွေ့ရမှုများမှာ ၂၀၁၆ ခုနှစ်ကထက် ယခု ၂၀၁၇ ခုနှစ်တွင် လျော့နည်းသွားပြီး ကတ်ဖြင့်ငွေချေနိုင်သော POS များမှာလည်း အလျင်အမြန် တိုးပွားများပြားလာနေကြောင်း Myanmar Payment Union မှ သိရသည်။
MPU ကတ်သုံးစွဲသူများအနေဖြင့် ATM စက်များတွင် ငွေသားထုတ်ယူသည့် အခါတွင် ငွေများမထွက်လာဘဲ ကတ်သာပြန်ထွက်လာခြင်း၊ POS စက်များ တွင် ဈေးဝယ်သည့်အခါ Transactions Fail ဖြစ်ခြင်း၊ ကတ်ထဲမှငွေကို ထပ်ခါ ထပ်ခါဖြတ်သွားခြင်း စသည်တို့ဖြစ်ပေါ်သည့်အခါ မိမိကတ်၏ သက်ဆိုင်ရာ ဘဏ် သို့မဟုတ် MPU သို့ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း MPU က ကြေညာထားသည်။
“ဆက်သွယ်ဆောင်ရွက်နိုင်တယ်ဆိုတာက သုံးစွဲသူတွေအနေနဲ့ တစ်ခုခု ကြုံရရင် ဘယ်ကိုဆက်ရမှန်းမသိ ဖြစ်တတ်ပါတယ်။ သက်ဆိုင်ရာ ဘဏ်တွေ ကနေ ဆက်သွယ်ဖို့ ဖုန်းနံပါတ်ပေးထားပေမယ့်လည်း အမှုမဲ့အမှတ်မဲ့နဲ့ အေ ရး အကြောင်းကြုံတဲ့အခါ ဘယ်ကိုအကူအညီ တောင်းရမှန်းမသိ ဖြစ်တတ်ပါ တယ်။ ဒါကြောင့် MPU ကိုဆက်သွယ်လာရင်လည်း သက်ဆိုင်ရာ ဘဏ်တွေ နဲ့ ချိတ်ဆက်ပြီး ဖြေရှင်းပေးတာဖြစ်ပါတယ်။ ပြောရရင် ကတ်သုံးစွဲမှုနဲ့ ပတ် သက်ပြီး Complaint တက်တာတွေက ၂၀၁၆ နဲ့ယှဉ်ရင် ၂၀၁၇ မှာ အများ ကြီး လျော့နည်းသွားပါပြီ။
ဒါကဆက်သွယ်ရေးစနစ်တွေ ပိုအဆင်ပြေလာတာကြောင့်လည်းပါတယ်။ တစ်ခုခုအဆင်မပြေဖြစ်တဲ့အခါ သုံးစွဲသူတွေအနေနဲ့ စိတ်ပူစရာမလိုပါဘူး။ ကိုယ့်ပိုက်ဆံကအမှန်အတိုင်း ပြန်ရမှာပဲဖြစ်ပါတယ်။ ဖြေရှင်းပေးတဲ့အခါ ၁၀ ရက်၊ ၁၅ ရက်ကြာတတ်တယ်ဆိုတာကလည်း ပုံမှန်ပဲဖြစ်ပါတယ်။ နိုင်ငံတ ကာမှာဆိုရင်လည်း ဒီထက်ပိုကြာတာတွေတောင် ရှိပါတယ်။ ဒါကလည်း သက်ဆိုင်ရာ ကတ်ကုမ္ပဏီနဲ့ သက်ဆိုင်ရာဘဏ်တို့ ညှိနှိုင်းပြီး ပြန်စစ်ေ ဆးပေးရတာ ဖြစ်ပါတယ်” ဟု MPU မှတာဝန်ရှိသူက စက်တင်ဘာ ၂ ရက် တွင် ပြောကြားသည်။
သုံးစွဲရာတွင် အများဆုံးကြုံတွေ့ရသော ပြဿနာများမှာ ဆက်သွယ်ချိတ် ဆက်မှု စနစ်တွင် တစ်ခုခုအဆင်မပြေဖြစ်ခြင်းကြောင့် ရှိသကဲ့သို့ သုံးစွဲသူ၏ အမှားကြောင့်ဖြစ်သော Password ရိုက်ရာတွင် မှားခြင်းမျိုးလည်းရှိကြောင်း သိရသည်။ ဆက်သွယ်ချိတ်ဆက်မှု ဆိုရာတွင်လည်း အရောင်းဆိုင်၏ တည်ေ နရာအပေါ်မူတည်ပြီး ကြုံတွေ့ရခြင်း၊ ATM၊ POS နှင့် MPU အကြား၊ MPU နှင့် ဘဏ်အကြားစသဖြင့် ချိတ်ဆက်ရာ လမ်းကြောင်းတစ်ခုခုတွင် အဆင်မပြေမှု ကြုံရခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် MPU ကတ်သုံး စွဲသူပေါင်း ၃ ဒသမ ၅ သန်းရှိပြီး ATM စက်အရေအတွက်ပေါင်း ၃၅၀၀ ၀န်းကျင်ရှိကာ POS ပေါင်း ၁၃၀၀၀ ခန့်အထိရှိလာကြောင်း သိရသည်။
Credit: Eleven Media Group