အာရှတွင် ၈ နှစ်အတွင်း စမတ်စီးတီး ၁၀ ခု ရှိလာမည်

အာရှတွင် ၈ နှစ်အတွင်း စမတ်စီးတီး ၁၀ ခု ရှိလာမည် - Property News in Myanmar from iMyanmarHouse.com
4 Sep 2017 10:22 am တွင် တင်ခဲ့သည်
927 ကြိမ် ကြည့်ရှု့ပြီး
အာရှပစိဖိတ်ဒေသသည် ၂၀၂၅ ခုနှစ်မကုန်မီ စမတ်မြို့ပြ ၁၀ မြို့
ခန့် ပိုင်ဆိုင်မည် ဖြစ်ကြောင်း Frost & Sullivan ကမ္ဘာ့ထိပ်တန်းဈေးကွက်သုတေသနကုမ္ပဏီက ခန့်မှန်းလိုက်သည်။

ယင်း ၁၀ မြို့တွင် ထက်ဝက်ကျော်က တရုတ်တွင် ဖြစ်မည်ဟု
၎င်းကုမ္ပဏီ၏မလေးရှားနိုင်ငံဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာ ဟက်ဇ်မီ ယူဆော့ဖ်က ပြောကြားခဲ့သည်။ "ဒီဒေသထဲမှာ အစိုးရအစီအစဉ်ပေါင်းများစွာက စင်္ကာပူ၊ ဂျပန်၊တရုတ်နဲ့ တောင်ကိုရီးယားတို့မှာ ပိုပြီးစမတ်ကျတဲ့မြို့ပြတွေ တည်ဆောက်ဖို့ ရှိနေပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေဟာ ၂၀၁၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၆ ဘီလျံရှိခဲ့ရာကနေ ၂၀၂၀ ပြည့်နှစ်မှာ ၂၆၀ ဘီလျံ ရှိလာဖို့ ခန့်မှန်းရပါတယ်" ဟုလည်း ပြောကြားခဲ့သည်။

ပေါ်ထွက်စ စမတ်မြို့ပြ ရှစ်ခုတွင် စမတ်မြို့ပြစီမံကိန်းများ အရှိန်မြှင့်နေသဖြင့် ၂၀၃၀ ပြည့်နှစ်မကုန်မီ စမတ်မြို့ပြများအဖြစ် အပြည့်အ၀ပေါ်ပေါက်ဖြစ်တည် လာရန် အလားအလာရှိနေသည်။

စမတ်စီးတီး သို့မဟုတ် စမတ်မြို့ပြဆိုသည်မှာ မြို့တွင်နေထိုင်သူများ၏ ဘ၀များ တိုးတက်ကောင်းမွန်စေရန် စဉ်ဆက်မပြတ်တာဝန်ယူမှုဖြင့် နည်းပညာဖြေရှင်းနည်းများကို အသုံးချစီမံခန့်ခွဲသော မြို့ပြများဖြစ်သည်။ ကမ္ဘာ့စမတ်စီးတီးကဏ္ဌသည်၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၂၄ ဒသမ ၆၈ ဘီလျံ ထုတ်လုပ်ဖြစ်ပေါ် စေမည်ဟု ခန့်မှန်းရကြောင်း B2B ဈေးကွက်အတိုင်ပင်ခံကုမ္ပဏီ၏ သုတေသနအရသိရသည်။

အာရှတစ်လွှားမှ ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီများနှင့် ကွန်ရက်ဝန်ဆောင်မှုကုမ္ပဏီများက မြို့ပြများအတွက် အခြေပျိုးလုပ်ငန်းများတွင် အလွန်အရေးပါလာပြီဖြစ်သည်။ Telekom Malaysia ကုမ္ပဏီက ကလောက်ကွန်ပျူတာနည်းပညာ နှင့် စမတ်ဝန်ဆောင်မှုများ ပေးသော အဖွဲ့အစည်းများစွာနှင့် ဒေတာစင်တာတစ်ခုပါဝင်သည့် နည်းပညာဥယျာဉ်တစ်ခုကို တည်ဆောက်နေပြီး စင်္ကာပူကုမ္ပဏီSingtel က စမတ်စီးတီးနည်းပညာအစီအစဉ်များနှင့် အခြေခံအဆောက်အအုံများ
တွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service