မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း ၂၀၂၂ ခုနှစ်တွင် အပြီးသတ်နိုင်မည်

မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း ၂၀၂၂ ခုနှစ်တွင် အပြီးသတ်နိုင်မည် - Property News in Myanmar from iMyanmarHouse.com
4 Sep 2017 9:53 am တွင် တင်ခဲ့သည်
1234 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းကို ယခုနှစ် အောက် တိုဘာလတွင် စတင်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် အပြီးသတ်နိုင်ရန် လျာ ထားကြောင်း မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်းက ယခုလ ၂၅ ရက်ကကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းကို ယခုနှစ် အောက် တိုဘာလတွင် စတင်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် အပြီးသတ်နိုင်ရန် လျာထားကြောင်း မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်းက ယခုလ ၂၅ ရက်က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို အပိုင်းလိုက် ဆောင် ရွက်သွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံက တရားဝင်ဖွံ့ဖြိုးမှုချေးငွေ (ODA) အမေရိ ကန်ဒေါ်လာ ၂၀၆ ဒသမ ၅၃ သန်း၊ ပြည်ထောင်စုဘတ်ဂျက် အမေရိကန်ဒေါ် လာ ၉၄ ဒသမ ၇၆ သန်းဟူ၍ နှစ်ပိုင်းခွဲ ဆောင်ရွက်မည်ဖြစ်သည်ဟု ၎င်းက
ပြောသည်။

"ကျွန်တော်တို့ အရှေ့ခြမ်းကိုပြင်တဲ့အခါ အပိုင်း(၁) မှာ တညင်းကုန်း၊ မင်္ဂ လာဒုံ၊ ပုရွက်ဆိတ်ကုန်းဘူတာ သုံးခုကို ပြင်မယ်။ အဲဒီ သုံးဘူတာအတွင်းမှာ ရှိတဲ့ ဘူတာတွေ၊ လမ်းပိုင်းတွေကို ပြင်ဆင်မှာဖြစ်တယ်။ ဒုတိယအဆင့်မှာ ပုရွက်ဆိတ်ကုန်းဘူတာကနေ ပုဇွန်တောင်၊ ပြီးတော့ ရန်ကုန်ဘူတာကြီး ကို ပြန်သွားမယ်။ မိုးတွင်းပြီးသွားတာနဲ့ လုပ်ငန်း စတင်နိုင်အောင် လုပ်မယ်" ဟု မြန်မာ့မီးရထား အောက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးထွန်းအောင် သင်းက ပြောသည်။

ရန်ကုန်မြို့ပတ် အရှေ့ခြမ်းအပိုင်း (၁) တွင် တညင်းကုန်း - ပုရွက်ဆိတ်ကုန်း (၇ ဒသမ ၂၅ မိုင်) ကို ယခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၈ ခုနှစ်၊ ဇန်န ဝါရီ ၃၁ ရက်အထိလည်းကောင်း၊ ရန်ကုန်မြို့ပတ်အရှေ့ခြမ်း အပိုင်း (၂) ဖြ စ်သော ပုရွက်ဆိတ်ကုန်း - ရန်ကုန် (ပုဇွန်တောင်) ၈ ဒသမ ၅ မိုင်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ မေ ၃၁ ရက်အတွင်းလည်းကောင်း ဆောင်ရွက် ရန် လျာထားသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အနောက်ခြမ်း အဆင့်မြှင့်တင်ရေးအတွက် အပိုင်း (၁) အနေဖြင့် တညင်းကုန်း - အင်းစိန် ၃ ဒသမ ၇၅ မိုင်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အတွင်း လည်းကောင်း၊ အပိုင်း(၂) ဖြစ်သော အင်းစိန် - ကြည့်မြင်တိုင် လမ်းပိုင်း ၅ ဒသမ ၅ မိုင်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အတွင်း လည်းကောင်း၊ အပိုင်း (၃) ဖြစ်သော ကြည့်မြင်တိုင် - ရန်ကုန် လမ်းပိုင်း ၂ ဒသမ ၇၅ မိုင်ကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၁ ရက်မှ မေ ၃၁ ရက်အတွင်း လည်းေ ကာင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

"မီးရထားရဲ့ စက်ခေါင်းတွေ၊ တွဲတွေ၊ ဆက်သွယ်ရေးနဲ့ အချက်ပြစနစ်တွေက ကာလကြာ အသုံးပြုထားတာကြောင့် လဲဖို့လိုအပ်လာပြီး ကောင်းမွန်တဲ့ ဝန်ေ ဆာင်မှုတွေပေးဖို့ အဆင့်မြှင့်တင်တာဖြစ်တယ်။

"မြို့ပတ်ရထားလမ်းမှာ ပြေးဆွဲနေတဲ့ရထားတွေက အာရ်ဘီအီး ၁၂ ဆိုင်း၊ ရထားကြီး ၁၃ ဆိုင်း၊ စုစုပေါင်း ၂၅ ဆိုင်းနဲ့ ခေါက်ရေက တစ်နေ့ကို ခေါက်ေ ရ ၂၂၀ ပြေးဆွဲနေတယ်။ နေ့စဉ်လူဦးရေ ကိုးသောင်းလောက် မြို့ပတ်ရထား ကို အသုံးပြုတယ်" ဟု ဦးသူရိန်ဝင်းက ပြောသည်။

"ချေးငွေနဲ့ လုပ်တဲ့ လုပ်ငန်းတွေမှာ အချက်ပြနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေ ပါတယ်။ နောက်ပြီးတော့ ဒီဇယ်နဲ့ လျှပ်စစ်နှစ်မျိုးစလုံးနဲ့ မောင်းနှင် အသုံးပြု နိုင်တဲ့ DEMU ရထားတွဲ ၆၆ တွဲဝယ်ယူတာတွေ ပါမယ်။ နိုင်ငံတော်ဘတ် ဂျက်နဲ့ လုပ်မယ့် အပိုင်းကတော့ ရထားသံလမ်းဆက်တာ၊ တံတားပြုပြင်တာ၊ တာပေါင်ပြုပြင်တာ၊ ခြံစည်းရိုးခတ်တာတွေပါမယ်" ဟု ၎င်းကပြောသည်။

၂၀၂၀ စက်တင်ဘာလတွင် ပထမအသုတ်အနေဖြင့် ရထားတွဲများ ရောက် ရှိလာမည်ဖြစ်ပြီး စီမံကိန်းတစ်ခုလုံးကို ၂၀၂၂ ခုနှစ်ထက် စောပြီးနိုင်ရန်ေ ဆာင်ရွက်နေသည်ဟုလည်း ဆိုသည်။

"ဂျိုက်ကာ (ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ) ရဲ့ လမ်းညွှန်ချက်အရ ချေးငွေကို အရင်ယူတယ်။ အတိုးက သုည ဒသမ ဝ၁ ရာခိုင်နှုန်းပဲရှိတယ်။ ၁၀ နှစ်ဆိုင်းငံ့ ကာလဖြစ်ပြီးတော့ နှစ် ၃၀ မှ ပြန်ဆပ် ရမယ်။ အဓိက ကန်ထရိုက်တာကတော့ ဂျပန်ပါတဲ့ ဖက်စပ်ကုမ္ပဏီဖြစ်ရမယ် ဆိုတာ ရှိတယ်။ ဒါပေမဲ့ သွင်းလာတဲ့ ပစ္စည်းကတော့ ဂျပန်ပစ္စည်း ဖြစ်စရာ မလိုဘူး။ ကြိုက်တဲ့နိုင်ငံက သွင်းလို့ရတယ်။ ရထားတွေ မှာထားရာမှာ ဂျပန် အပြင် အင်္ဂလန်က လည်းပါတယ်" ဟု မြန်မာ့မီးရထားမှ စီမံကိန်း ဒါရိုက်တာ ဦးဘမြင့်က ပြောသည်။

ရန်ကုန်မြို့ပတ်အရှေ့ခြမ်း အပိုင်း (၁) လုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း အလိုအလျောက် လမ်းပိုင်း အချက်ပြစနစ် အသုံးပြုနေခြင်းကို ရပ်ဆိုင်း၍ တစ်စင်း တည်းသွား လမ်းပိုင်းစနစ် (စက္ကူလမ်းရှင်းစနစ်) ကို ပြောင်းလဲ ကျင့်သုံးသွားမည်ဖြစ်သည်။ လက်ယာရစ် ခရီးသည် စီးနင်းမှု ပိုမိုများပြား သည့်အတွက် အတွင်းရထားလမ်းကို စတင်ပြုပြင်သွားမည်ဖြစ်သည်။

ရန်ကုန်မြို့ပတ်ရထားလမ်းမှာ စုစုပေါင်းအရှည် ၂၉ ဒသမ ၅ မိုင်ရှိပြီး ဘူ တာပေါင်း ၃၈ ဘူတာ နှင့် ဆင်ခြေဖုံးဘူတာပေါင်း ၁၇ ဘူတာရှိကာ အာရ် ဘီအီး တွဲဆိုင်း ၁၂ ဆိုင်း၊ ရထားကြီး ၁၃ ဆိုင်း ဖြင့်ပြေးဆွဲပေးနေပြီး လက် ရှိပြေးဆွဲမှု ကြာချိန်မှာ ၂ နာရီနှင့် မိနစ် ၅၀ ဖြစ်သည်။ ရထားလမ်း အဆင့်ြ မှင့်တင်ပြီးပါက အချိန် တစ်နာရီခန့်ထိ လျှော့ချနိုင်မည် ဖြစ်သည်။

"လက်ရှိမှာ ခရီးသည် ၉၂,ဝ၀ဝ လောက်ကို နေ့စဉ်ပုံမှန် တင်ဆောင်နေပြီးေ တာ့ ရထားလမ်း အဆင့်မြှင့်တင်ပြီးသွားရင် ခရီးသည်အသုံးပြုမှု ပိုများလာ မှာဖြစ်ပြီး ခရီးသည် ၂၄၀,ဝ၀ဝ လောက် အထိ အသုံးပြုလာဖို့ မှန်းထား တယ်" ဟု ဦးထွန်းအောင်သင်းက ပြောသည်။

လက်ရှိရထားလက်မှတ်ဈေးနှုန်းမှာ ၁၅ မိုင်အတွင်း ဖြစ်ပါက ကျပ် ၁၀ဝ ဖြစ် ပြီး ၁၅ မိုင်အထက်ဆိုပါက ကျပ် ၂၀ဝ သတ်မှတ်ထားပြီး မြို့ပတ်ရထားပြေး ဆွဲမှုမှ တစ်ရက်လျှင် ကျပ် ၁၀ဝçဝ၀ဝ အမြတ်ငွေရရှိသည်ဟု သိရသည်။ အဆိုပါငွေတွင် ရထားလမ်းပြုပြင်စရိတ်၊ ဝန်ထမ်းစရိတ်များ ထည့်သွင်း တွက် ချက်ထားခြင်း မရှိဘဲ စက်သုံးဆီဖိုးအပေါ်တွင် တွက်ချက်ထားခြင်းသာဖြစ် သည်ဟု မြန်မာ့မီးရထားစီးပွားရေးဌာန အထွေထွေမန်နေဂျာ ဦးအောင်မြင့် လှိုင်က ပြောသည်။

Credit: Myanmar Time
မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း ၂၀၂၂ ခုနှစ်တွင် အပြီးသတ်နိုင်မည် - Property News in Myanmar from iMyanmarHouse.com
မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း ၂၀၂၂ ခုနှစ်တွင် အပြီးသတ်နိုင်မည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
imyanmarmarket
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service