စစ်ကိုင်းမြို့ ကောင်းမှု တော်ဘုရားအနီးရှိ တန်ဖိုးနည်း အငှားအိမ်ရာစီမံကိန်း တည် ဆောက်ရေးလုပ်ငန်းများ ပြီးစီး တော့မည်ဖြစ်၍ လာမည့်အောက်တို ဘာလကုန်တွင် စတင်ငှားရမ်းနိုင်ဖွယ်ရှိကြောင်း စစ်ကိုင်းမြို့နယ် စည်ပင် သာယာရေးကော်မတီမှ သတင်းရရှိသည်။
အဆိုပါ တန်ဖိုးနည်းအငှား အိမ်ရာကို စစ်ကိုင်းမြို့ မန္တလေး- မုံရွာ ကား လမ်းဘေး နွားပွဲဈေး အနီးရှိ စည်ပင်သာယာပိုင် မြေ တစ်ဧကကျော်ပေါ်တွင် တိုင်း ဒေသကြီးအစိုးရအဖွဲ့ဘဏ္ဍာငွေဖြင့် ၂၀၁၆ ဩဂုတ်က စတင် တည်ေ ဆာက်နေခြင်းဖြစ်သည်။
‘‘ဆောက်လုပ်ရေးလုပ်ငန်း တွေ၊ ဆေးသုတ်တဲ့အပိုင်းတွေ အကုန်ပြီးသွားပြီ။ အခုခြံစည်းရိုး ခတ်နေတာ။ နောက်ထပ် တစ်လ ကျော်လောက်တော့ ကြာ ဦးမယ်။ ကုမ္ပဏီကအပ်ပြီးမှ တိုင်းအစိုးရ အစီအမံနဲ့ ငှားရမ်းသွားမယ်’’ဟု စစ် ကိုင်းမြို့နယ် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောသည်။
စီမံကိန်းပြီးစီးပါက စစ်ကိုင်း မြို့နယ်ရှိ ဝင်ငွေနည်းပါးသူများ၊ အိုးအိမ်မရှိသူ များကို စစ်ကိုင်းအိုး အိမ်ဦးစီးဌာနမှတစ်ဆင့် လျှောက် လွှာခေါ် ငှားရမ်းမည်ြ ဖစ်ပြီး လက် ရှိတွင် ငှားရမ်းခနှင့် အသေးစိတ် စည်းကမ်းအချက်အလက်များ ကို မသိသေးကြောင်း ၎င်းက ဆိုသည်။
‘‘ဘယ်လိုစည်းကမ်းမျိုးနဲ့ ငှားမယ်ဆိုတော့ မသိသေးဘူး။ တန်ဖိုးနည်းဆိုတော့ တစ်လသုံး သောင်းလောက်တော့ မှန်းထား တယ်’’ဟု ဦးဝင်းနိုင်က ပြော ကားသည်။
စစ်ကိုင်းမြို့ တန်ဖိုးနည်း အငှားအိမ်ရာတွင် ပါဝင်မည့်အ ခန်းများသည် ရေ၊ မီး အပြည့်အစုံ ဖြင့် ၁၈×၂၅ ပေ အကျယ်အဝန်း ရှိမည်ဖြစ်ပြီး စုစုပေါင်း အ ခန်း ၄၈ ခန်းဖြစ်သည်။ ၁၂ ခန်းတွဲပါ လေးထပ်အဆောက်အအုံပုံစံနှစ် လုံး တည်ဆောက်ထားပြီး အဆောက်အအုံတစ်လုံးလျှင် ကျပ် သိန်း ၄,၈၂၀ သုံးစွဲ ခဲ့ကြောင်း သိရသည်။
Credit: 7DayDaily