ကျောက်စိမ်းထွက်ရှိရာ ခန္တီးရတနာမြေတွင် ခရီးသွားဇုန် သတ်မှတ်ဖော်ဆောင်မည်

ကျောက်စိမ်းထွက်ရှိရာ ခန္တီးရတနာမြေတွင် ခရီးသွားဇုန် သတ်မှတ်ဖော်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
1 Sep 2017 11:01 am တွင် တင်ခဲ့သည်
3247 ကြိမ် ကြည့်ရှု့ပြီး
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်အတွင်းရှိ နန်စီဗွန်ကျေးရွာအနီး ကျောက် စိမ်းထွက်ရှိရာ ခန္တီးရတနာမြေတွင် ခရီးသွားဇုန်သတ်မှတ် ဖော်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ စစ်ကိုင်းဇုန်၊ မုံရွာဇုန်၊ ရွှေဘိုဇုန်၊ ကသာဇုန်၊ ကလေးဇုန်နှင့် ခန္တီးဇုန်တို့တွင် ၂၀၁၇ ခုနှစ် အတွင်း ခရီးသွားဇုန်ဖော်ဆောင်သွားမည်ဟု သြဂုတ် ၂ ရက် တွင် ထုတ်ပြန်ခဲ့ပြီး ခန္တီးဇုန်တွင် ခန္တီးမြို့နယ်ရှိ နန်စီဗွန်ကျေးရွာအနီး ကျောက် စိမ်း ထွက်ရှိရာ ခန္တီးရတနာမြေပါဝင်နေခြင်း ဖြစ်သည်။

“စစ်ကိုင်းတိုင်းထဲမှာလည်း ဒီလိုရတနာတွေရှိတယ် ထွက်တယ်။ ဒါတွေကို ကြည့်လို့ ရှုလို့ရတယ်။ လည်လို့ပတ်လို့ရတယ်ဆိုတဲ့ Message ပေးချင်တာ ပါ။ လောလောဆယ်တော့ လျာထားတုန်းပဲ ရှိပါသေးတယ်။ တကယ်လုပ်ဖြစ် ရင်တော့ အစီအစဉ်အသေးစိတ် ပြန်ဆွဲရပါဦးမယ်” ဟု စစ်ကိုင်းတိုင်းဒေသ ကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောကြားသည်။

ခန္တီးရတနာမြေတွင် ခရီးသွားဇုန် ဖော်ဆောင်မည့်ကိစ္စနှင့် ပတ်သက်၍ ခန္တီး မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်တေးက “ခန္တီးဇုန် မှာ ခန္တီးရတနာမြေပါတယ်ဆိုတာသိရတော့ ၀မ်းသာပါတယ်။ ဒါမှ ခန္တီးမှာ လည်း ကျောက်စိမ်းထွက်တယ်ဆိုတာ လူတွေသိလာကြမှာလေ။ အများစု က ကျောက်စိမ်းနဲ့ပတ်သက်ရင် ဖားကန့်တစ်ခုတည်းကိုပဲ သိကြတာလေ။ ခန္တီးကဒေသခံ အများစုက ရွှေတို့၊ ကျောက်တို့လို သဘာဝ သယံဇာတတွေ ကိုပဲ မှီခိုပြီး တူးဖော်လုပ်ကိုင်နေကြရတယ်။ အခုလို ခရီးသွားဇုန်ဖော်ဆောင် ပြီး ခရီးသွားလုပ်ငန်းတွေသာ ဖွံ့ဖြိုးလာမယ်ဆိုရင် သဘာဝ သယံဇာတတူးေ ဖ်ာလုပ်ကိုင်တာတွေ တဖြည်းဖြည်းလျော့ကျသွားပြီး ရေရှည်မှာ သဘာဝပတ် ၀န်းကျင် ပျက်စီးမှုလည်း သက်သာလျော့ကျသွားမယ်။ လမ်းပန်းဆက်သွယ်ေ ရးလည်း ဖွံ့ဖြိုးလာမယ်။ ပြီးတော့ ဒီဒေသမှာက ရတနာနယ်မြေဆိုပေမယ့် ပွင့်လင်းမြင်သာမှုမရှိတော့ ကျောက်ကောင်းရရင်တောင်မှ မှောင်ခိုအနေနဲ့ပဲ အရောင်းအ၀ယ်ဖြစ်ကြတော့ နိုင်ငံတော်အတွက် အခွန်တွေနစ်နာဆုံးရှုံးသ လို ဒေသခံတွေလည်း ထိုက်သင့်သလောက် အကျိုးခံစားခွင့်မရကြဘူး။ ခရီး သွားဇုန်ဖော် ဆောင်လိုက်ရင်တော့ ကျောက်အရောင်းအ၀ယ်တွေရော ကျောက်မျက်တူးဖော်မှုတွေပါ အရင်ကထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိလာ မယ်လို့ မျှော်လင့်တယ်” ဟု သူ၏အမြင်ကို ပြောကြားသည်။

ခရီးသွားဇုန်အတွင်း ပါဝင်သည့် နန်စီဗွန်ကျေးရွာအနီး ခန္တီးရတနာမြေတွင် နန်စီဗွန်မှော်၊ မကျန်ခမှော်နှင့် ရွှေပြည်သာကျေးရွာ၊ ချောင်းသာကျေးရွာ၊ မြ သာကျေးရွာနှင့် လသာကျေးရွာတို့ တည်ရှိပြီး ဒေသခံများနှင့် ရွှေ့ပြောင်း အလုပ်သမားတို့ ရောနှောနေထိုင်ကြကာ ရေမဆေးကျောက်ရှာဖွေခြင်းလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြသည်။

ခရီးသွားဇုန်ဖော်ဆောင်မည့် ခန္တီးဇုန်အတွင်းတွင် နန်စီဗွန်ကျေးရွာအနီးေ ကျာက်စိမ်းထွက်ရှိရာ ခန္တီးရတနာမြေအပြင် နာဂဒေသဖြစ်သည့် လဟယ် မြို့နှင့် နန်းယွန်းမြို့များသို့ သွားလာနိုင်ပြီး နန်းယွန်းမြို့နယ် ပန်ဆောင်မြို့ တွင် Lake of No Return ရေကန်နှင့် ဒေါ်ခင်ကြည် ရိပ်သာတို့ကို လည် ပတ်နိုင်မည့်အပြင် ထမံသီဘေးမဲ့တောနှင့် ရှားပါးတိရစ္ဆာန်များကို လေ့ လာနိုင်ကာ ၎င်းမှ နာဂဒေသ လေရှီးမြို့သို့ သွားရောက်လည်ပတ် နိုင်မည်ြ ဖစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service