၂၀၁၇-၁၈ ဘဏ္ဍာနှစ်၊ သြဂုတ်လကုန်ပိုင်းအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃,၈၈၆ သန်းစီးဝင်ခဲ့ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါတယ်။
ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂၀ ခုကို
ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၃,၁၄၃
သန်း ရှိခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်မှု ၊ သီလ၀ါ
အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှု တို့အပါအ၀င်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်းပမာဏမှာ ကန်ဒေါ်လာ
၃,၈၈၆သန်း ရှိလာခဲ့ပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၂) အရ ရင်းနှီးမြှုပ်နှံမှု
လုပ်ငန်း ၅၄ ခု ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၆)
အရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေနဲ့ သြဂုတ်လကုန်ပိုင်းအထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၅ ခု ခွင့်ပြုခဲ့ပြီး
ကန်ဒေါ်လာ ၄၈၆ သန်း အပါအ၀င် ကျပ် ၁,၂၆၉,၉၉၆ သန်းရှိခဲ့ပါတယ်။
သြဂုတ် ၂၉ ရက်က ပြုလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်
အစည်းအဝေး (၁၂/၂၀၁၇) မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
လုပ်ငန်း ၈ ခု၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခု
ခွင့်ပြုခဲ့ကာ အလုပ်အကိုင်အခွင့်အလမ်းစုစုပေါင်း
၁၇၀၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ယခုဘဏ္ဍာနှစ်အတွင်း စက်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု
လုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတို့မှာ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုအများအပြားဝင်ရောက်ထားပါတယ်။
Credit: SFJ Strategy First