အခြေခံလူတန်းစား အများပြည်သူ လူနေမှုအဆင့်အတန်း သင့်တင့်လျောက် ပတ်စွာ နေထိုင်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ် ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ စီစဉ် ကြီးကြပ်မှုဖြင့် ဆောက်လုပ်ပြီးစီးလျက် ရှိသည့် တန်ဖိုးနည်းအိမ်ရာများကို မဲနှိုက်ပေးမည်ဖြစ်ကြောင်း သိရသည်။
မဲနှိုက်ပေးမည့် အိမ်ရာတိုက်ခန်းများမှာ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ အပိုင်း(၂)၊ (၃)တိုက်ခန်းများနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် (၉၄) ရပ်ကွက်နှင့် စစ်တောင်းရိပ်မွန် (၉၂) ရပ်ကွက်ရှိ တန်ဖိုးနည်းယုဇနအိမ်ရာ အပိုင်း(၁)၊ (၂)နှင့် (၉၈)ရပ်ကွက် ကေ နာင်တန်ဖိုးနည်း အိမ်ရာတိုက်ခန်း များပါဝင်ပြီး ဝယ်ယူလို သည့် ပြည်သူများ သည် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုး ရေးဘဏ် C.H.D.B ဘဏ်ထံ ၌ လျှောက်လွှာတင်သွင်းပြီး၍ သတ်မှတ်ထားသည့် တိုက်ခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းကို ငွေပေးသွင်းပြီးသည့် စာရင်းဝင်အသိ အမှတ်ပြုသူ ၄၈၆ ဦးကို ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ် လမ်းမကြီးရှိ ဆောက် လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီး ညွှန် ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ၂ ရက် နှင့် ၄ ရက် နံနက် ပိုင်းမှစတင်၍ အများ ပြည်သူရှေ့မှောက်၌ ထင်သာမြင်သာ အမှတ်စဉ် အ လိုက် မဲနှိုက်စနစ်ဖြင့် ပေါက်မဲတိုက်ခန်းများကို မဲနှိုက်ပေးတော့ မည်ဖြစ်ေ ကြာင်း သိရသည်။
စက်တင်ဘာ ၂ ရက် နံနက်ပိုင်း၌ ယခင်တန်ဖိုးနည်း ယုဇနအိမ်ရာ တိုက်ခန်း များ ဝယ်ယူလိုခွင့် စောင့်ဆိုင်းကျန်ရှိသည့် စာရင်းဝင် အသိအမှတ်ပြု ၉၅ ဦးနှင့် ကနောင်တန်ဖိုးနည်း တိုက်ခန်းဝယ်ယူခွင့် စာရင်းဝင် ၆၃ ဦးတို့ကို မဲနှိုက်မည်ဖြစ်ပြီး မွန်းလွဲပိုင်း လှိုင်သာယာမြို့နယ် ရှိ ရွှေ လင်ပန်းတန် ဖိုးနည်းအိမ်ရာ အပိုင်း(၂)၊ (၃)တိုက်ခန်းဝယ်ယူလိုခွင့် စာရင်းဝင် အသိအ မှတ်ပြု ဦးရေ ၁၂၂ ဦးတို့က တိုက်ခန်းပေါက် မဲနှိုက်မည်ဖြစ်သည်။
ယင်းနောက် စက်တင်ဘာ ၄ ရက် နံနက် ပိုင်း၌ တန်ဖိုးနည်းယုဇနအိမ်ရာ အပိုင်း (၁)၊(၂) တိုက်ခန်းမျာ တွင် လျှောက်လွှာ တင်သွင်းပြီး စာရင်းဝင်အသိ အမှတ်ပြုသူ ၂ဝ၆ ဦးတို့က တိုက်ခန်းပေါက်မဲနှိုက်မည် ဖြစ်ကြောင်း သိရှိရ သည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းတစ်ခန်း၏ အနည်းဆုံး တန်ဖိုး ငွေ ကျပ်မှာ ၉၈ သိန်းနှင့် အများဆုံး ငွေကျပ် ၁၃၅ သိန်းကျပ်ဖြစ်ကြောင်း၊ တန်ဖိုး နည်း ရွှေလင်ပန်းအိမ်ရာ အပိုင်း (၂)၊ (၃)နှင့် ကနောင်တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများကို အခြေခံ လူတန်းစား ပြည်သူများက ဝယ်ယူလို၊ လျှောက် ထားမှု အားနည်းနေသေးပြီး တိုက်ခန်းအပိုလွတ်များ ကျန်ရှိနေသေးေ ကြာင်း ဆောက်လုပ် ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေး မှူးရုံးမှ လက်ထောက်ညွှန်ကြားရေး မှူး ဒေါ် မို့မို့ထွန်းက ပြောသည်။
Credit: MOI Webportal Myanmar