ထိုင်ဝမ်တွင်ဆောက်လုပ်နေသည့် Agora Garden တာဝါကြီးသည် ဘယ်လ်ဂျီယံဗိသုကာပညာရှင် Vincent Callebaut၏ မြွေလိမ်မြွေကောက်သဏ္ဌာန်တာဝါကြီးဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများစတင် ခဲ့ပြီး Agora Garden တာဝါသည် DNA ၏ မြွေလိမ်မြွေကောက်သဏ္ဌာန်ကို ပုံစံယူထားခြင်းဖြစ်သည်။
၂၂ ထပ်ရှိသည့်တာဝါကြီးတွင် အထပ် ၂၀ အထိဆောက်လုပ်ပြီး စီးနေပြီဖြစ်ပြီး တာဝါတွင် သစ်ပင်ပေါင်း ၂၃၀၀၀ ကို ၀ရန်တာများ၌ထည့်သွင်း စိုက်ပျိုးသွားမည်ဖြစ်သည်။
တာဝါအတွင်း ထည့်သွင်းစိုက်ပျိုးထားသည့်သစ်ပင်များ သည် နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် တန် ၁၃၀ ကို စုပ်ယူပေးနိုင်လိမ့်မည်ဟု Vincent Callebautနှင့်အဖွဲ့က တွက် ချက်ထားသည်။
တာဝါကြီးတွင် တန်ဖိုးကြီး အခန်းပေါင်း ၄၀၊ ရေကူးကန်၊ ကိုယ်ကာယလေ့ကျင့်ရေးစင်တာနှင့် ခေါင်မိုးထပ်ပွဲကြည့်စင်တို့ ပါဝင်မည်ဖြစ်သည်။
တာဝါကြီးတွင် မိုးရေကိုရယူကာ ရေကို ပြန်လည် အသုံးပြုသည့်စနစ်ကိုလည်း လုပ်ဆောင်နိုင်ရန် ရည်မှန်းထားသည်။ ခေါင်မိုးထပ်တွင် ထားရှိမည့်ဆိုလာပြား များကလည်း တာဝါကြီး၏စွမ်းအင်အတွက် အထောက်အပံ့ပေးနိုင်သည်။
၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် အပြီးသတ်ဆောက်လုပ်ရန် မျှော်မှန်းထားသည့် Agora Garden တာဝါကြီးမှတစ်ဆင့် ကမ္ဘာပေါ်တွင်ရှစ်ခုမြောက် အမြင့်ဆုံး အဆောက်အအုံဖြစ်သော Taipei 101 အဆောက်အအုံကြီးကိုလည်း လှမ်းမြင်နေရ သည်ဟု သိရသည်။
Credit: Pyi Myanmar