အထူးလျှော့ဈေး ငါးရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိရရှိမယ့် Special Housing Expo အရောင်းပြပွဲကို စက်တင်ဘာ ၂ နဲ့ ၃ ရက်နေ့တွေမှာ မနက် ၉းဝ၀ နာရီကနေ ညနေ ၆းဝ၀ နာရီအထိ နိုဗိုတယ် ဟိုတယ် (Pathein Ballroom)ခန်းမမှ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ပြပွဲမှာ ဆောက်လုပ်ရေးကုမ္မဏီခုနစ်ခုက ကွန်ဒိုစီမံကိန်း ၂၈ ခု ပါဝင်ပြီး အခန်းပေါင်း ၅၀ဝ ကျော်ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ စီမံကိန်း တည်ေ နရာကတော့ အလုံ၊ စမ်းချောင်း၊လှိုင်၊ ကျောက်တံတား၊ ဗဟန်း၊ ကမာရွတ်၊ ဗိုလ်တထောင်၊ တာမွေ၊ ဒဂုံ၊ အင်းစိန်၊ ရန်ကင်း၊ သင်္ဃန်းကျွန်း၊ မင်္ဂလာေ တာင်ညွန့် နဲ့ မရမ်းကုန်းမြို့နယ်တွေမှာဖြစ်ပါတယ်။ ပါဝင်မှာက နာမည်ကြီးေ ဆာက်လုပ်ရေးကုမ္မဏီတွေဖြစ်ကြတဲ့ i Green Development Living Square, Naing Group , Nay Ga Bar Myanmar , Shwe ZaBuDeik, Resources Group Global,NgaPali, Construction တို့ကဖြစ်ပြီး ဈေးနှုန်း ကတော့ သိန်း ၉၀ဝနဲ့ သိန်း ၁၀ဝ၀ ကျော်ဈေးနှုန်းအထိ ရှိတယ်လို့ သိရပါ တယ်။
ပြပွဲမှာ ဝယ်ယူသူတွေအဆင်ပြေအောင် အရစ်ကျနဲ့ရောင်းချပေးမယ်၊ ဧရာဝ တီဘဏ်နဲ့က ၁၀ နှစ်၊ ရိုးမဘဏ်က ၁၅ နှစ်အထိရမယ်၊ ပြပွဲနှစ်ရက်အတွင်း ဝယ်ယူသူကို ငါးရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း discount ရှိမယ်လို့ iMyanmarHouse.com ရဲ့ မန်နေးဂျင်းဒါရိုက်တာ ကိုနေမင်းသူက ပြောပါ တယ်။
Credit: The Kumudra