မြို့ပြနှင့်အိမ်ရာဦးစီးဌာနက ဆောက်လုပ်ရောင်းချ နေတဲ့ တန်ဖိုးနည်းအိမ် ရာတွေရဲ့ အခန်းနေရာချထားမယ့်နေ့ရက်တွေကို CHD Bank က ထုတ်ပြန် ထားကြောင်း သိရပါတယ်။
အခန်းနေရာချထားခြင်း အစီအစဉ်ကို ရွှေလင်ပန်းနဲ့ ကနောင် အိမ်ရာစီမံ ကိန်းလျှောက်ထားသူတွေအတွက် ၂ – ၉- ၂၀၁၇ ရက် နေ့မှာလည်းကောင်း၊ ယုဇနတန်ဖိုး နည်းအိမ်ရာ စီမံကိန်းအပိုင်း(၁)နဲ့ (၂) လျှောက်ထားသူတွေအ တွက် ၄ – ၉ – ၂၀၁၇ ရက်နေ့မှာလည်းကောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနရုံး၊ အမှတ် (၂၂၈/၂၃၄) ပထမထပ်၊ ဗိုလ် ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်မှာ နံနက် ၉း ၃၀ နာရီမှာေ ဆာင်ရွက်သွားမှာဖြစ်ပြီး လူကိုယ်တိုင်လာရောက်ကြဖို့ မေတ္တာရပ်ခံထားေ ကြာင်း သိရပါတယ်။
ကနောင်တန်ဖိုးနည်းအိမ်ရာမှာ အိမ်ခန်းနေရာချထားပေးမယ့် အမည်စာရင်း မှာ ၆၃ယောက် ရှိပြီး ခြောက်ခန်းတွဲလေးထပ်တိုက်၊ ရှစ်ခန်းတွဲ လေးထပ် တိုက်တွေဖြစ်မယ်လို့ သိရပါတယ်။
လျှပ်စစ်မီးနဲ့ ရေရရှိမှုအနေနဲ့ ရှစ်ခန်းတွဲလေးထပ်တိုက် (၁၊ ၂၊ ၄၊ ၅၊ ၉) မှာရ ရှိပြီး ခြောက်ခန်းတွဲလေးထပ်တိုက် (၁၄ ၊၁၅၊၁၆၊၁၇၊ ၂၇၊ ၂၈၊ ၃၀၊ ၃၁၊ ၃၂) တို့ မှာ ရရှိထားပြီး ဖြစ်ကြောင်း သိရပါတယ်။
Credit: The Kumudra