ရွှေစုချင်သူတွေအတွက် တစ်ရွှေးကို ကျပ် ၇၀ဝ၀ ကျော်နဲ့ နေ့စဉ် ဝယ်ယူပြီးေ တာ့ စုဆောင်းနိုင်ပြီလို့အောင် သမာဓိရွှေဆိုင်က သိရပါတယ်။
အောင်သမာဓိရွှေဆိုင် မန်နေဂျာဦးမော်က လက်ထဲမှာ ပိုက်ဆံရှိရင်သုံးဖို့ လွယ်တယ်၊ ရွှေဝယ်စုထားမယ်ဆိုရင်တော့ လွယ်လွယ်နဲ့လဲ မသုံးဖြစ်တော့ ဘူးပေါ့၊ စုချင်တဲ့သူတွေကိုလဲ စုဖြစ်အောင်လုပ်ပေးတဲ့ သဘောပါလို့ ပြော ပါတယ်။
ရွှေအတုံးဝယ်ယူရာမှာ အနည်းဆုံးအနေနဲ့ အချိန်တစ်ရွေးကို အနည်းဆုံး ထားဝယ်ယူနိုင်တာဖြစ်ပြီး အခွန်ဆောင်စရာမလိုဘဲ ပြန်လည် ရောင်းချတဲ့အ ခါမှာလည်း ရောင်းဈေးဝယ်ဈေးခွာထားတဲ့ အတိုင်းသာဝယ်ယူတာဖြစ် တယ်လို့ သိရပါတယ်။
အသေးလေးတွေရောင်းပေးတာက ဆိုင်တွေ မမြတ်ဘူး၊ အခုခေတ်က ဒစ် ဂျစ်တယ်ခေတ်မို့သာ ရောင်းနိုင်တာ၊ အရင်တုံးကလို ချိန်ခွင်နဲ့ ချိန်တာမျိုးဆို ရင် မရောင်းနိုင်ဘူးလို့ ဦးမော်က ပြောပါတယ်။
လာရောက်ဝယ်ယူသူရှိမှသာလိုချင်တဲ့ ပမာဏအတိုင်း ဖြတ်ရောင်းပေး တာဖြစ်ပြီး ရန်ကုန်မြို့နဲ့ မန္တလေးမြို့အောင်သမာဓိဆိုင်တိုင်းမှာ ဝယ်ယူနိုင် တယ်လို့ သိရပါတယ်။
Credit: The Kumudra