လုပ်ငန်းခိုင်မာမှုရှိတဲ့ အက်စ်အမ်အီးလုပ်ငန်းရှင်တစ်ဦးလျှင် အပေါင်ပစ္စည်း မလိုဘဲ အများဆုံး ကျပ် သိန်း ၁၀ဝ၀ အထိလာမယ့် စက်တင်ဘာ လ ကနေ စတင် ထုတ်ချေးပေးဖို့ စီစဉ်ထားတယ်လို့ စက်မှုဝန်ကြီးက ဆိုပါတယ်။
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက “ဂျာမနီ နိုင်ငံအစိုး ရ ရဲ့ ယူရိုငွေ ၄.၄၅ သန်း (မြန်မာငေါကျပ် ၆.၈ ဘီလျံ)ကို ဂျာမနီနိုင်ငံ အခြေစိုက် KFW ဖွံ့ဖြိုးရေးဘဏ်နဲ့ သမဝါယမဘဏ်တို့ ပူးပေါင်းပြီး မြန် မာနိုင်ငံရှိ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေကို တစ်ဦး လျှင် အများဆုံး ကျပ်သိန်း ၁၀ဝ၀ အထိ ၂၀၁၇ ခုနှစ် စက်တင်ဘာလ မှ စ၍ ချေးငွေတွေ ထုတ်ချေးဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်”လို့ ယနေ့ကျင်းပ တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။
“အပေါင်ပစ္စည်းပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ထုတ်ချေးပေးသွားမှာ ဖြစ်ေ ကြာင်းနဲ့ တိုင်းဒေသကြီး /ပြည်နယ်အားလုံးတွင် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်သူများကိုလဲ လုပ်ငန်းခိုင်မာမှု ရှိပါက ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်”လို့ ဆက်ပြောပါတယ်။
မြန်မာနဲ့ ဂျပန်အစိုးရတို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ဖြစ်တဲ့ JICA Two Step Loan Program အရ ချေး ငွေတွေကို သက်သာတဲ့အတိုးနှုန်းနဲ့ မြန် မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊မြန်မာနိုင်ငံသားများ ဘဏ်၊ ကမ္ဘောဇဘဏ်နဲ့ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်စုစု ပေါင်းဘဏ် ခြောက်ခုကနေ ဂျပန် ယန်းငွေ ၁၃၁၉ သန်းနဲ့ ညီမျှတဲ့ မြန်မာကျပ် ငွေ ၁၆ ဘီလျံခန့်ကိုလည်း သည်ဘဏ္ဍာနှစ် အ တွင်းမှာ ဆက်လက်ထုတ်ချေးပေးသွားမယ်လို့ သိရပါတယ်။
အုတ်တွင်း မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက ပြည် တွင်းအသေးစား၊ အလတ်စား လုပ်ငန်းတွေ ယိုင်နဲ့ ရပ်ဆိုင်း နှောင့်နှေးမှုတွေ မဖြစ်ပေါ်စေဖို့နဲ့ ပိုမိုဖွံ့ဖြိုးတိုးတက်ခိုင်မာစေဖို့ လိုအပ်ချက် အရပ်ရပ်ကို ပံ့ပိုးကူညီပေးဖို့ အစီအစဉ် ရှိမရှိ မေးမြန်းခဲ့ ရာ ဝန်ကြီးက ပြန်လည် ဖြေကြား ခဲ့တာ ဖြစ်ပါတယ်။
နည်းပညာဆိုင်ရာ လွှဲပြောင်းပေးမှု ၃၈ ခု အပါအဝင် အသေးစားနဲ့ အလတ် စား စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ပရိုဂရမ် ၁၂၅၃ ခုကို အက်စ်အမ်အီး လုပ်ငန်းရှင် ၂၉,၁၈၄ ဦးကို လက်တွေ့ထုတ် လုပ်မှု နည်းပညာတွေနဲ့ စီးပွားရေးလုပ်ငန်း အထောက်အကူပြု စီမံခန့်ခွဲမှု နည်းပညာတွေ ထောက်ပံ့ပေးခဲ့တယ် လို့လည်း သိရပါတယ်။
စက်မှု ဝန်ကြီးဌာန အနေနဲ့ နိုင်ငံတော် ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အဓိကကျတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်း တွေကို အားပေးမြှင့်တင်ေ ပးနေရာ အဓိက လိုအပ်ချက်ဖြစ်တဲ့ နည်းပညာနဲ့ ငွေကြေးအရင်း အနှီးရရှိေ ရးကို ဦးစားပေး ပံ့ပိုးကူညီဆောင်ရွက်ပေးနေတယ်လို့လည်း ဝန်ကြီးက ဆိုပါ တယ်။
စက်မှုဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းအသေးစား၊ အလတ်စားလုပ်ငန်းတွေကို ကူညီပေးနေရာ စက်မှုကဏ္ဍအပြင် ဝန် ဆောင်မှုလုပ်ငန်း၊ အိမ်တွင်းမှုလုပ် ငန်းနဲ့ အခြားအက်စ်အမ်အီးလုပ်ငန်းတွေကိုပါ ပိုမိုဖွံ့ဖြိုးတိုးတက်လာေ အာင် ဆောင်ရွက်နေပါတယ်။ အက်စ်အမ်အီးတွေ ရှင်သန်ရပ်တည်နိုင်တဲ့ ပတ်ဝန်းကျင် (နောဗလိနဂ နေညိရုနမနေတ) ဖြစ်ပေါ်လာစေဖို့ နည်းပ ညာ၊ ငွေကြေးအရင်းအနှီးနဲ့ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစဉ်တွေချမှတ်ကာ သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းအချင်းချင်း ညှိနှိုင်းပူးပေါင်း အကောင်အထည်ဖော်သွားမယ်လို့လည်း သိရပါတယ်။
Credit: Kumudra