လက်ဆက်စတာစီးတီးနှင့် အင်္ဂလန်တိုက်စစ်မှူး ဂျေးမီဗားဒီ၏ နေအိမ် အရောင်းဈေးကွက်ဝင်လာကြောင်း အင်္ဂလန်အခြေစိုက်အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အကယ်၍ သင်သည် ဘောလုံးပွဲဝါသနာပါသည့် ပရိသတ်တစ်ဦးဆိုပါက ဂျေးမီ၏ နေအိမ်တွင် နေထိုင်နိုင်ရန် အခွင့်အလမ်းရလာပြီ ဖြစ်သည်။
နေအိမ်တည်နေရာမှာအင်္ဂလန်နိုင်ငံ၊အလယ်ပိုင်းလက်ဆက်စ်တာရှိုင်းယားမြို့တွင်ဖြစ်ပြီး နေအိမ်ကို Cloughmore House ဟု အမည်ပေးထားသည်။
အိပ်ခန်း ၈ ခန်းပါဝင်သည့် အဆိုပါနေအိမ်ကြီးသည် အင်္ဂလန်ဘောလုံးသမိုင်း၏ သမိုင်းဝင်အခမ်းအနားဟု ဆိုရမည့်
ပွဲတစ်ခု ကျင်းပခဲ့သည့်နေရာလည်းဖြစ်သည်။
ဗာဒီနှင့် လက်ဆက်စတာအသင်းဖော်များသည် ၂၀၁၅-၁၆ ဘောလုံးရာသီ ပရီးမီးယားလိဂ်ဖလား ပထမဆုံးရရှိခဲ့စဉ်က ယခုနေအိမ်ကြီးတွင် အောင်ပွဲခံပွဲ ကျင်းပခဲ့ကြသည်။၁၉၆၈ ခုနှစ်တွင် ဒီဇိုင်းရေးဆွဲ တည်ဆောက်ခဲ့ပြီး ဗာဒီနှင့် ဇနီးဖြစ်သူ ဘက်ကီတို့က ၂၀၁၅ ခုနှစ်တွင် ဝယ်ယူခဲ့ကြသည်။
အဆိုပါနေအိမ်သည် မိမိတို့မိသားစုအတွက် ပြီးပြည့်စုံသည့်အိမ်တစ်လုံးဖြစ်ခဲ့ကြောင်း ဗာဒီတို့ဇနီးမောင်နှံက ဆိုသည်။
“'Cloughmore House နေအိမ်ကြီးမှာ ကျွန်တော်တို့အတွက် အမှတ်ရစရာတွေ သိပ်များပါတယ်။
ဒါကြောင့် ဒီကပြောင်းဖို့ ဆုံးဖြတ်ရတာ မလွယ်ခဲ့ပါဘူး” ဟု ဗာဒီက ပြောကြားသည်။“ဒီအိမ်ကြီးဟာ ကျွန်တော်တို့ရဲ့ သမိုင်းမှာ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပါတယ်။
ဒီအိမ်မှာ လက်ဆက်စတာစီးတီးကလပ်ရဲ့ သမိုင်းဝင်ညအတွက် အတူရှိခဲ့ကြသလို ဆိုဖီယာလေးကလည်း ဒီမှာပဲ လမ်းလျှောက်တတ်ခဲ့ တာပါ။
ဒါပေမယ့် ကျွန်တော်တို့မိသားစု အတွက် ပိုမိုကျယ်ဝန်းလုံခြုံတဲ့နေရာကို ပြောင်းရွှေ့ဖို့ အချိန်ကျပါပြီ” ဟု ဗာဒီက ဆက်လက်ပြောကြား သည်။ခေါ်ဈေးမှာ ပေါင် ၁ ဒသမ ၂၅ သန်းဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)