နိုင်ငံအတွင်းသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားခရီးသွား ဧည့်သည်များထံမှ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး ရန်ပုံငွေကောက်ခံမည့် အစီအစဉ်ကို လာမည့် ၂၀၁၈ ဇန်န၀ါရီလတွင် စတင်နိုင်ရန် မျှော်မှန်းထားပြီး ယင်းအစီအစဉ်ကို အတည်ပြုနိုင်ရန် ဆွေးနွေးနေသည်ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။
နိုင်ငံအတွင်းရှိ အပြည်ပြည်ဆိုင်ရာ ၀င်ပေါက်များမှလာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များထံမှ ရန်ပုံငွေ ကောက်ခံမည့်အစီအစဉ်ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အသင်းအဖွဲ့များ ပူးပေါင်းဆွေးနွေးနေကြောင်း ၎င်းက ပြောသည်။
“ဆွေးနွေးမှုလုပ်နေသော မပြီးပြတ်သေးပါဘူး။ တစ်ချို့ကလည်း ၁၀ ဒေါ်လာ ကောက်မယ်။ တစ်ချို့ကလည်း ၁ ဒေါ်လာကောက်မယ်ဆို ပြီး ညှိနှိုင်းနေတယ်။ တစ်ချို့ကလည်းစားသောက်ဆိုင်တွေမှာ စာရင်းကောင်မယ်ဆိုပြီး ညှိနှိုင်းနေကြတယ်။ ဘယ်လိုပုံစံနဲ့ကောက်မယ်
ဆိုတာ အတည်မပြုနိုင်သေးပါဘူး” ဟု ၎င်းက ပြောသည်။
Credit: Shwesathtagan