မြနန်းစံကျော် ရွှေနန်းတော်နှင့် အင်းဝမြို့ဟောင်းအနီးရှိခံတပ် သုံးခုကို နိုင် ငံခြားသား ခရီးသွား ဧည့်သည်များ လည်ပတ်ရန် ခရီးသွားဇုန်တစ်ခုအနေဖြင့် ဖွံ့ဖြိုးလာစေရေး ဆောင်ရွက်မည် ဖြစ် ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ် ငန်းအဖွဲ့ချုပ် (MTF) ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။
‘‘MTF ကနေ ကြီးကြပ်ပြီး တော့ အဲဒီနေရာတွေကို ခရီးသွား ဒေသဇုန် တစ် ခုအနေနဲ့ ဖွံ့ဖြိုးတိုး တက်လာအောင် လုပ်သွားဖို့အ တွက် ဆွေးနွေးနေပါ တယ်။ အခု လက်ရှိကတော့ ဖွံ့ဖြိုးမှုနည်းသေး တယ်။ စိတ်ဝင်စားမှု နည်းေ သးတာ ပေါ့’’ဟု ဦးရန်ဝင်းက ဆိုသည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်အနေဖြင့် မြနန်းစံကျော် ရွှေနန်းတော်၊ အင်းဝမြို့ဟောင်း နှင့် ယင်းနေရာအနီး၌ အင်္ဂလိပ်- မြန်မာစစ်ပွဲကာလက တည် ဆောက်ခဲ့သည့် ဆင်ကျုံးခံတပ်၊ သပြေတန်းခံတပ်နှင့် အစေခံ ခံတပ် တို့ကို ခရီးသွားဒေသဇုန် တစ်ခုအဖြစ် ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်မည်ဖြစ် ပြီး လက်ရှိ တွင် ဆွေးနွေးနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။
‘‘အဲဒီနေရာတွေကို နိုင်ငံခြား သားခရီးသွားဧည့်သည်တွေ လာ ပြီး လျှောက် လည်လို့ကောင်းတဲ့ နေရာတစ်ခုဖြစ်လာအောင် ဖန်တီးသွားမှာပါ။ ရှေးေ ဟာင်းအမွေအ နှစ်တွေကို ကြည့်လို့ရတဲ့အပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်တဲ့ Activities တွေ ဘာတွေ ထည့် သွားမယ်’’ဟု ဦးရန်ဝင်းက ပြော သည်။
မန္တလေးတိုင်းသည် မြန်မာ နိုင်ငံရှိ နိုင်ငံခြားသားခရီးသွားဧည့် သည်များ လာရောက်လည်ပတ်မှု အများဆုံးဒေသများထဲတွင် ပါဝင်ပြီး မြနန်းစံေ ကျာ် ရွှေနန်းတော်၊ အင်းဝမြို့ဟောင်းတို့ကို ခရီးသွားဇုန်တစ်ခုအဖြစ် မြှင့် တင်ဆောင်ရွက်နိုင်မည်ဆိုပါက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အထောက် အကူပြု စေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
Credit: 7DayDaily