ပညာရေးဝန်ကြီးဌာနကရရှိမယ့် မင်းဓမ္မဥယျာဉ်မြို့တော်စီမံကိန်းကအိမ်ခန်း ၂၃၉၀ ကို အိမ်ပိုင်မရှိသူတက္ကသိုလ်ဆရာဆရာမတွေကို စိစစ်နေထိုင် ခွင့်ပြုသွားမယ်လို့ သိရပါတယ် ။
ပညာရေးဝန်ကြီးဌာနဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ Myanmar Imperial Vega Co.,Ltdတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ မင်းဓမ္မဥယျာဉ်မြို့တော် အိမ် ရာစီမံကိန်းကနေပညာရေးဝန်ကြီးဌာနကရရှိလာမယ့် အိမ်ခန်း ၂၃၉၀ ကို အိမ်ပိုင်မရှိသူတက္ကသိုလ်ဆရာ/ဆရာမတွေကို စိစစ်နေထိုင်ခွင့်ပြုမှာ ဖြစ်ပါ တယ် ။
ပညာရေးဝန်ကြီးဌာနဒေါက်တာမျိုးသိန်းကြီးက ‘ပညာရေးဝန်ကြီးဌာနပိုင် အိမ်ခန်းတွေကိုနေရာချထားတဲ့အခါ အဆင့်မြင့် ပညာရေးဦးစီးဌာန (ရန်ကုန် ရုံးခွဲ) ဦးစီးဌာန ၊ တက္ကသိုလ် ဒီဂရီကောလိပ်နဲ့ တွဲဖက်ဌာနတွေမှာတာဝန် ထမ်းဆောင်နေတဲ့ သင်ကြားရေး ၊ စီမံဝန်ထမ်းတွေကရန်ကုန်မြို့တော် စီမံ ကိန်းနယ်နိမိတ်အတွင်းမိမိကိုယ်ပိုင်အိမ်မရှိသူ ၊ နိုင်ငံပိုင် အိမ်ခန်းရယူ ထာြး ခင်း မရှိသူတွေကလျှောက်ထားတာကိုစိစစ်နေထိုင်ခွင့်ပြုပါတယ်’ လို့ ပြော ကြားခဲ့တာပါ ။
ပညာရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ညွန်ကြားရေးမှူးချုပ်နဲ့ ပါမောက္ခချုပ်အဆင့်တွေအတွက် အခန်း ၁၀ ခန်း ၊ ပါမောက္ခ (ဌာနမှူး) ၊ ညွန်ကြားရေးမှူး ၊ ဌာနမှူး(ဝါရင့်) အဆင့်တွေအတွက် ၁၇၈ ခန်း ၊ တွဲဖက် ပါမောက္ခ ၊ ဒုညွန်ကြားရေးမှူး ၊ ကထိကအဆင့်တွေအတွက် ၁၄၃၀ ခန်း ၊ လက်ထောက်ကထိကတွေအတွက် ၁၁၂ ခန်းနဲ့ နည်းပြ ၊ သရုပ်ပြ (ဝါရင့်) တွေ နေထိုင်ဖို့အတွက် ၄၂၀ ခန်းစုစုပေါင်း ၂၃၉၀ ခန်းကိုတည်ဆောက်နေတယ်လို့ သိရပါတယ် ။
Credit: The Kumudra