အစိုးရအနေနဲ့ နိုင်ငံတော်ပိုင် မြေလွတ်၊မြေရိုင်းတွေ အသုံးပြုဖို့ ပြည်သူေ တွ လျှောက်ထားခွင့်ပြုရာမှာ လက်ရှိအချိန်အထိ စိုက်ပျိုးရေးတောင်သူတွေ လာရောက်လျှောက်ထားသူ နည်းပါးသေးတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။
“လျှောက်ထားခွင့်ပေးတာတော့ ကြာပြီပေါ့နော်၊ အဲ့ဒီတုန်းကတော့ ဒီလိြုေ မလွတ်မြေရိုင်း ချထားပေးတာသည် အင်အားကြီးမားတဲ့ ပုဂ္ဂလိက လုပ်ငန်း ရှင်တွေ တစ်ခါတည်းပေါ့၊ စိုက်တာကနေ တန်ဖိုးမြင့်ထုတ်ကုန်လုပ်တဲ့အထိ ရည်မှန်းပြီးတော့ ပေးမယ်ဆိုပြီးတော့ အဲ့ဒီရည်ရွက်ချက်နဲ့ လုပ်ခဲ့တာကိုး၊ ဒါပေမယ့်လဲ တောင်သူတွေအနေနဲ့ တစ်ပိုင်တစ်နိုင် လျှောက်ထားခွင့်လဲ ရှိပါတယ်။ သူတို့အနေနဲ့လဲ မသိတာလဲ ပါတာပေါ့၊ တောင်သူတွေ လျှောက် ထားတာတော့ နည်းတယ်” လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန် ကြီးဌာနမှ ဒုတိယ အမြဲတမ်းဝန် ဦးမျိုးတင့်ထွန်းက ပြောပါတယ်။
တောင်သူတွေနဲ့ အမှန်တကယ် စိုက်ပျိုးရေး လုပ်ကိုင်လိုတဲ့သူတွေ အနေ နဲ့လည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လျှောက်ထားနိုင် တယ်လို့ သိရပါတယ်။
မြေလွတ်မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေမှာဆိုရင် မွေးမြူးရေး လုပ်ငန်းလုပ် ကိုင်သူတွေ၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှု လုပ်ကိုင်လိုသူတွေလည်း လျှောက် ထားနိုင်ပါတယ်။ ဒါကြောင့် တောင်သူလယ်သမားတွေနဲ့ လုပ်ကွက်ငယ်ေ တာင်သူလယ်သမားတွေ သိရှိအောင် ပညားပေးမှုတွေလည်း ပြုလုပ်သွား မယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြင်ဆင်ထားတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း များ စီမံခန့်ခွဲမှု ဥပဒေမှာဆိုရင်လည်း မကြာခင် ထွက်ရှိတော့မယ် ဖြစ်တယ် လို့ သိရပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း ဧကပေါင်း ခုနှစ်သိန်း သာ အသုံးပြုတဲ့အတွက် မြေဧကပေါင်း တစ်သန်းခွဲခန့် ပြန်လည် သိမ်းယူ ထားပြီးဖြစ်တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။
Credit: The Kumudra